ထိုင်းနိုင်ငံအတွင်းမှ တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၀)ဦးကို Covid-19 စစ်ဆေးရန်အတွက် Quarantine ထား

ထိုင်းနိုင်ငံအတွင်းမှ တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၀)ဦးကို Covid-19 စစ်ဆေးရန်အတွက် Quarantine ထား
ဇူလိုင် 29, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်းမှ တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၀)ဦးကို Covid-19 စစ်ဆေးရန်အတွက် Quarantine ထား

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၇၀)ဦးကို တာချီလိတ်သို့ ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်ပိုင်းက  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားမှ တဆင့် ထိုင်းဘက်က လာရောက်ပို့ဆောင် လွှဲပြောင်းပေးလာသည်။

လွှဲပြောင်းပေးလာသူ အားလုံးကို တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာရှိ Quarantine Center တွင် Covid-19 ဓါတ်ခွဲနမူနာ ရယူရန်အတွက် ထားရှိသည်။

ပို့ဆောင်လွှဲပြောင်းပေးလာသည့် (၇၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး အပြင် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအား ပြန်လည်ဖွင့်လှစ်ရန်အတွက် နှစ်နိုင်ငံ တရားဝင်ဆွေးနွေးခြင်း မရှိသေးသော်လည်း ချစ်ကြည်ရေးတံတား(၂)အား ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံဘက်မှ ပြည်တော်ပြန်များနှင့် ပြစ်ဒဏ်စေ့ မြန်မာ နှင့် ထိုင်းနိုင်ငံသားများကို ချစ်ကြည်ရေး တံတား(၂)မှာပင် လက်ခံဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~