တာချီလိတ်မြို့တွင် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်(၃)ဦး လူမှုရေးဆိုင်ရာ ထူးချွန်ဆု ရရှိ

တာချီလိတ်မြို့တွင် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်(၃)ဦး လူမှုရေးဆိုင်ရာ ထူးချွန်ဆု ရရှိ
ဖေဖော်ဝါရီ 7, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များအနက် (၃) ဦးကို အာဏာသိမ်းစစ်ကောင်စီက လူမှုရေးဆိုင်ရာထူးချွန်ဆုပေးသည်ဟု သိရသည်။

စံလင်းဖြိုး ကုမ္ပဏီ၏ အာယုဒါန ​အောက်ဆီဂျင်စက်ရုံ အန္တရာယ်ကင်း​မေတ္တာပို့ အလှူပြုလုပ်စဉ်က



တာချီလိတ်မှ မြသဟာပုဂ္ဂလိဆေးရုံပိုင်ရှင် ဦးတင်လှိုင်၊ စံလင်းဖြိုးကုမ္ပဏီမှ ဦးလှအေး (ခ) ဦးအားတီနှင့် ဟိုတယ်တာချီလိတ်မှ ဦးထွန်းနေဦးတို့ကို အာဏာသိမ်းအဖွဲ့က တတိယအဆင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆုများကို ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆုများအား ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပေးအပ်ခြင်း ဖြစ်ပြီး အဆိုပါ အခမ်းအနားကို တောင်ကြီးမြို့တွင် ကျင်းပခြင်း ဖြစ်သည်။