ကျိုင်းတုံမြို့က တစ်ခုတည်းသော ယဉ်ကျေးမှုပြတိုက်

ကျိုင်းတုံမြို့က တစ်ခုတည်းသော ယဉ်ကျေးမှုပြတိုက်
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

ကျိုင်းတုံမြို့က တစ်ခုတည်းသော ယဉ်ကျေးမှုပြတိုက်

ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသရဲ့ တစ်ခုတည်းသော ပြတိုက်ဖြစ်ပြီး ကျိုင်းတုံမြို့ ရပ်တော်မူဘုရားအနီးမှာ ရှိတဲ့ ယဉ်ကျေးမှုပြတိုက်မှာ မြန်မာနိုင်ငံတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စားဆင်ယဉ်မှုတွေ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အများဆုံးနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စားဆင်ယဉ်မှုနဲ့ အသုံးအဆောင်ပစ္စည်းတွေကို စုစည်းပြသထားသလို ကျိုင်းတုံမြို့ရဲ့ လက်မှုအနုပညာဖြစ်တဲ့ ရွှေရေးယွန်းထည်တွေကိုလည်း ပြသထားပါတယ်။

နှစ်ထပ်အဆောက်အဦးဖြစ်တဲ့ ကျိုင်းတုံမြို့ ယဉ်ကျေးမှုပြတိုက်မှာ ပြသထားတဲ့ ယဉ်ကျေးမှုပစ္စည်းတွေနဲ့ပတ်သတ်ပြီး ရှေးဟောင်းသုသေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ကျိုင်းတုံမြို့ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သူ ဒေါ်သီတာအောင်က အခုလို လိုက်လံရှင်းလင်း ပြောပြထားပါတယ်။

ကျိုင်းတုံမြို့ ယဉ်ကျေးမှုပြတိုက်ကို အပတ်စဉ် အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ ဖွင့်လှစ်ထားပြီး နိုင်ငံခြားသား တစ်ဦးကို ကျပ် (၅၀၀၀)၊ ပြည်တွင်းဧည့်သည်တွေအတွက် ကျပ် (၂၀၀) နဲ့ ဝင်ရောက်လေ့လာခွင့်ပြုထားသလို ပြတိုက်ပိတ်ရက်ဖြစ်တဲ့ တနင်္လာနေ့မှာလည်း လာရောက်လေ့လာတဲ့သူတွေရှိရင် ပြတိုက်ကို ဖွင့်လှစ်ပေးနေပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်၊ ချယ်ရီထိုက် ၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~