မယ္ဆိုင္ဘက္ျခမ္းတြင္ ထိုင္းစစ္တပ္ႏွင့္မူးယစ္ေဆး၀ါးသယ္ေဆာင္သူတို႔ ပစ္ခတ္မႈျဖစ္ပြားကာ (၄)ဦးေသဆံုးၿပီးေနာက္ တာခ်ီလိတ္ဘက္ မယ္ဆိုင္ေခ်ာင္းေဘး၌ ပိုင္ရွင္မဲ့ မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႔ရွိမယ္ဆိုင္ဘက္ျခမ္းတြင္ ထိုင္းစစ္တပ္ႏွင့္မူးယစ္ေဆး၀ါးသယ္ေဆာင္သူတို႔ ပစ္ခတ္မႈျဖစ္ပြားကာ (၄)ဦးေသဆံုးၿပီးေနာက္ တာခ်ီလိတ္ဘက္ မယ္ဆိုင္ေခ်ာင္းေဘး၌ ပိုင္ရွင္မဲ့ မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႔ရွိ

မယ္ဆိုင္ဘက္ျခမ္းတြင္ ထိုင္းစစ္တပ္ႏွင့္မူးယစ္ေဆး၀ါးသယ္ေဆာင္သူတို႔ ပစ္ခတ္မႈျဖစ္ပြားကာ (၄)ဦးေသဆံုးၿပီးေနာက္ တာခ်ီလိတ္ဘက္ မယ္ဆိုင္ေခ်ာင္းေဘး၌ ပိုင္ရွင္မဲ့ မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႔ရွိမယ္ဆိုင္ဘက္ျခမ္းတြင္ ထိုင္းစစ္တပ္ႏွင့္မူးယစ္ေဆး၀ါးသယ္ေဆာင္သူတို႔ ပစ္ခတ္မႈျဖစ္ပြားကာ (၄)ဦးေသဆံုးၿပီးေနာက္ တာခ်ီလိတ္ဘက္ မယ္ဆိုင္ေခ်ာင္းေဘး၌ ပိုင္ရွင္မဲ့ မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႔ရွိ
မေ 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းကိုလြန္ကာ မယ္ဆိုင္ဘက္အျခမ္းတြင္ ၂၀၁၉ခုႏွစ္ ေမလ(၁၁)ရက္ေန႔  ည(၉)နာရီေက်ာ္က ထိုင္းစစ္တပ္ႏွင့္ မူးယစ္ေဆးသယ္လာသူအဖြဲ႔တို႔ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ မူးယစ္ေဆးသယ္သူ (၄)ဦးေသဆံုးကာ ကတ္တမင္းမူးယစ္ေဆး (၃၄၀) ကီလို သိမ္းဆည္းရမိသည့္နည္းတူ ျမန္မာဘက္တြင္လည္း   ကတ္တမင္းမူးယစ္ေဆး (၆၀)ကီလိုကို နယ္ေျမ ရွင္းလင္းေရး ေဆာင္ရြက္စဥ္ ရွာေဖြေတြ႕ရွိရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေ၀ွေလလန္ရြာႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထိုင္းဘက္ျခမ္းတြင္ မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူအဖြဲ႔ႏွင့္ ထိုင္းဘက္ စစ္တပ္တို႔ ပစ္ခတ္မႈျဖစ္ပြားေၾကာင္း သတင္းအရ ျမန္မာဘက္မွ နယ္ေျမခံတပ္ႏွင့္ သက္ဆိုင္ရာအဖြဲ႔တို႔က ၂၀၁၉ခုႏွစ္ ေမလ(၁၁)ရက္ေန႔ ည(၁၁)နာရီ ၀န္းက်င္တြင္ သြားေရာက္၍ နယ္စပ္တစ္ေလွ်ာက္ နယ္ေျမရွင္းလင္းမႈမ်ားျပဳလုပ္ရာ ထူးျခားမႈမရွိခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ အဆိုပါ အဖြဲ႔သည္ ေမလ(၁၂)ရက္ေန႔ နံနက္(၆)နာရီက စ၍ တာခ်ီလိတ္ဘက္ မယ္ဆိုင္ေခ်ာင္းတစ္ေလွ်ာက္ နယ္ေျမရွင္းလင္းရင္း ရွာေဖြမႈမ်ား ထပ္မံျပဳလုပ္ရာ နံနက္(၁၀)နာရီခြဲ၀န္းက်င္တြင္ မယ္ဆိုင္ေခ်ာင္းေဘးေနရာတြင္ အစိမ္းေရာင္ ေက်ာပိုးအိတ္(၁)လံုးႏွင့္ လြယ္ႀကိဳးတပ္ထားသည့္ ဆာလိတ္အိတ္(၂)လံုးတို႔အား ေတြ႔ရွိရေၾကာင္း သိရသည္။

"မေန႔ညက ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဒီမနက္ တပ္နဲ႔ျပည္သူ႔စစ္အဖြဲ႔ေတြ ပူးေပါင္းၿပီးေတာ့ ေခ်ာင္းတစ္ေလွ်ာက္သြားၿပီး ရွာေဖြမႈေတြ ရွင္းလင္းမႈေတြ လုပ္တဲ့အခါ မူးယစ္ေဆး၀ါး ကီလို(၆၀)ေတြ႔ရတယ္၊ အဓိက ျဖစ္တာကေတာ့ မယ္ဆိုင္ဘက္မွာ ျဖစ္တာေပါ့။ ဒီကီလို (၆၀)က တာခ်ီလိတ္ဘက္အျခမ္းမွာေတြ႔တာ။"ဟု မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုေန အမ်ဳိးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေမလ(၁၂)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

ေတြ႔ရွိရသည္မ်ားကို ဖြင့္ေဖာက္စစ္ေဆးရာတြင္ က်ပ္သိန္းေပါင္း (၆,၀၀၀)၀န္းက်င္တန္ဖိုးရွိ ကတ္တမင္းမူးယစ္ေဆး စုစုေပါင္း ကီလို(၆၀)အား ရွာေဖြစစ္ေဆးေတြ႔ရွိရ၍ တာာခ်ီလိတ္တပ္နယ္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးအပ္လိုက္ေၾကာင္းႏွင့္ ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္လွစ္ထားရွိိေၾကာင္း သတင္းရရွိသည္။

ထိုင္းစစ္တပ္ႏွင့္ ေကာ္ခ်န္းရဲတပ္ဖြဲ႕တို႔က ေမလ (၁၂)ရက္ေန႔ နံနက္ပိုင္းတြင္ ပစ္ခတ္မႈျဖစ္ပြားရာဝန္းက်င္သို႔ သြားေရာက္ စစ္ေဆးၾကရာ နယ္စပ္မွ မီတာ (၁၀၀)ခန္႔အကြာရိွ ေျပာင္းခင္းထဲတြင္ ေသဆံုးေနသူ (၄)ဦးႏွင့္ မူးယစ္ေဆးထည့္ထားသည့္ ေက်ာပိုးအိတ္ (၁၇)လံုးတုိ႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းကိုလွန်ကာ မယ်ဆိုင်ဘက်အခြမ်းတွင် ၂၀၁၉ခုနှစ် မေလ(၁၁)ရက်နေ့ ည(၉)နာရီကျော်က ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးသယ်လာသူအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးသယ်သူ (၄)ဦးသေဆုံးကာ ကတ်တမင်းမူးယစ်ဆေး (၃၄၀) ကီလို သိမ်းဆည်းရမိသည့်နည်းတူ မြန်မာဘက်တွင်လည်း ကတ်တမင်းမူးယစ်ဆေး (၆၀)ကီလိုကို နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ရှာဖွေတွေ့ရှိရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ရွာနှင့် မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူအဖွဲ့နှင့် ထိုင်းဘက် စစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ မြန်မာဘက်မှ နယ်မြေခံတပ်နှင့် သက်ဆိုင်ရာအဖွဲ့တို့က ၂၀၁၉ခုနှစ် မေလ(၁၁)ရက်နေ့ ည(၁၁)နာရီ ဝန်းကျင်တွင် သွားရောက်၍ နယ်စပ်တစ်လျှောက် နယ်မြေရှင်းလင်းမှုများပြုလုပ်ရာ ထူးခြားမှုမရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ အဖွဲ့သည် မေလ(၁၂)ရက်နေ့ နံနက်(၆)နာရီက စ၍ တာချီလိတ်ဘက် မယ်ဆိုင်ချောင်းတစ်လျှောက် နယ်မြေရှင်းလင်းရင်း ရှာဖွေမှုများ ထပ်မံပြုလုပ်ရာ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် မယ်ဆိုင်ချောင်းဘေးနေရာတွင် အစိမ်းရောင် ကျောပိုးအိတ်(၁)လုံးနှင့် လွယ်ကြိုးတပ်ထားသည့် ဆာလိတ်အိတ်(၂)လုံးတို့အား တွေ့ရှိရကြောင်း သိရသည်။

"မနေ့ညက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီမနက် တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ ချောင်းတစ်လျှောက်သွားပြီး ရှာဖွေမှုတွေ ရှင်းလင်းမှုတွေ လုပ်တဲ့အခါ မူးယစ်ဆေးဝါး ကီလို(၆၀)တွေ့ရတယ်၊ အဓိက ဖြစ်တာကတော့ မယ်ဆိုင်ဘက်မှာ ဖြစ်တာပေါ့။ ဒီကီလို (၆၀)က တာချီလိတ်ဘက်အခြမ်းမှာတွေ့တာ။"ဟု မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုနေ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၂)ရက်နေ့ ညနေပိုင်းက ပြောသည်။

တွေ့ရှိရသည်များကို ဖွင့်ဖောက်စစ်ဆေးရာတွင် ကျပ်သိန်းပေါင်း (၆,ဝဝဝ)ဝန်းကျင်တန်ဖိုးရှိ ကတ်တမင်းမူးယစ်ဆေး စုစုပေါင်း ကီလို(၆၀)အား ရှာဖွေစစ်ဆေးတွေ့ရှိရ၍ တာချီလိတ်တပ်နယ်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်းနှင့် ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

ထိုင်းစစ်တပ်နှင့် ကော်ချန်းရဲတပ်ဖွဲ့တို့က မေလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားရာဝန်းကျင်သို့ သွားရောက် စစ်ဆေးကြရာ နယ်စပ်မှ မီတာ (၁၀၀)ခန့်အကွာရှိ ပြောင်းခင်းထဲတွင် သေဆုံးနေသူ (၄)ဦးနှင့် မူးယစ်ဆေးထည့်ထားသည့် ကျောပိုးအိတ် (၁၇)လုံးတို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net