တာခ်ီလိတ္တြင္ ထုိင္းမူးယစ္တရားခံေျပးအပါအဝင္ ထုိင္းနိုင္ငံသား (၃)ဦးကို မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ထုိင္းမူးယစ္တရားခံေျပးအပါအဝင္ ထုိင္းနိုင္ငံသား (၃)ဦးကို မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသားမ်ား တရားမဝင္ေနထုိင္ေနေၾကာင္း သတင္းအရ ေနအိမ္တစ္လံုးအား ဝင္ေရာက္ရွာေဖြရာ ထုိင္းႏုိင္ငံမွ မူးယစ္ေဆးေရာင္းဝယ္မႈျဖင့္ အလိုရိွေနသည့္ တရားခံေျပးတစ္ဦး အပါအဝင္ ထုိင္းနုိင္ငံသား (၃)ဦးကို မူးယစ္ေဆးဝါးအခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ (၂) “ဝ”ရြာရိွ ေနအိမ္တစ္လံုးတြင္ ထိုင္းႏုိင္ငံသားမ်ား တရားမဝင္ေနထုိင္ေၾကာင္း သတင္းအရ  ျပည္နယ္မႈခင္းအကူဌာနစိတ္မွ ရဲအုပ္ေမာင္မ်ိဳး ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ား၊ တာခ်ီလိတ္ခ႐ိုင္ရဲတပ္ဖြဲ႕(မႈ/ႏွိမ္)မွ ရဲအုပ္ႏိုင္ေဇာ္၊ ေဟာင္လိတ္ရဲကင္းစခန္းမွ စခန္းမွဴး ရဲအုပ္မင္းမင္းေအာင္ႏွင့္တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ေသမ်ားပါ၀င္သည့္  ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၆) ရက္ေန႔ နံနက္ (၁၀)နာရီအခ်ိန္က ဝင္ေရာက္ရွာေဖြရာ ထိုင္းႏုိင္ငံသားမ်ားျဖစ္သည့္ စုန္ႏြတ္(ခ) အုိက္က်ိဳင္း၊ ဝတ္ထိခ်ိဳင္းႏွင့္ ထနာခြန္တို႔အား ေတြ႔ရၿပီး  WY စိတ္ၾကြေဆးျပား (၃၈)ျပား၊ စိတ္ၾကြေဆးျပားသံုးရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းမိေၾကာင္း သိရသည္။

ယင္းတုိ႔အနက္ စုန္ႏြတ္(ခ)အိုက္က်ိဳင္းသည္ ထိုင္းမူးယစ္ေဆးဝါးေရာင္းဝယ္သည့္အဖြဲ႕မွျဖစ္ၿပီး လြန္ခဲ့သည့္ (၅)ႏွစ္ခန္႔က ထုိင္းႏုိင္ငံ၊ တန္ခရိုင္၊ ဝမ္ဝိေစၿမိဳ႕ရိွ  ၎၏ေနအိမ္တြင္ မူးယစ္ေဆးဝင္ေရာက္ဖမ္းဆီးမႈအတြင္းမွ ထြက္ေျပးလြတ္ေျမာက္ေနသူျဖစ္ေၾကာင္းႏွင့္ မယ္ဆိုင္ေခ်ာင္းမွတဆင့္ တာခ်ီလိတ္သို႔ တရားမဝင္ျဖတ္သန္းကာ ဝင္ေရာက္ေနထိုင္ေနသူျဖစ္ေၾကာင္း သိရသည္။

 အဆိုပါေနအိမ္ဝင္းတြင္ ေတြ႔ရသည့္ Civic အမ်ိဳးအစား ေမာ္ေတာ္ယာဥ္(၁)စီး၊ Suzuki Swift အမ်ိုးအစား ေမာ္ေတာ္ယာဥ္(၁)စီးႏွင့္ YAMAHA အမ်ိဳးအစား ေမာ္ေတာ္ဆုိင္ကယ္(၁)စီးတုိ႔ကိုလည္း သိမ္းဆည္းထားေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ထုိင္းနုိင္ငံသား (၃)ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရအမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားများ တရားမဝင်နေထိုင်နေကြောင်း သတင်းအရ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံမှ မူးယစ်ဆေးရောင်းဝယ်မှုဖြင့် အလိုရှိနေသည့် တရားခံပြေးတစ်ဦး အပါအဝင် ထိုင်းနိုင်ငံသား (၃)ဦးကို မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၂) “ဝ”ရွာရှိ နေအိမ်တစ်လုံးတွင် ထိုင်းနိုင်ငံသားများ တရားမဝင်နေထိုင်ကြောင်း သတင်းအရ ပြည်နယ်မှုခင်းအကူဌာနစိတ်မှ ရဲအုပ်မောင်မျိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ ရဲအုပ်နိုင်ဇော်၊ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင်နှင့်တပ်ဖွဲ့ဝင်များ နှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားများဖြစ်သည့် စုန်နွတ်(ခ) အိုက်ကျိုင်း၊ ဝတ်ထိချိုင်းနှင့် ထနာခွန်တို့အား တွေ့ရပြီး WY စိတ်ကြွဆေးပြား (၃၈)ပြား၊ စိတ်ကြွဆေးပြားသုံးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိကြောင်း သိရသည်။

ယင်းတို့အနက် စုန်နွတ်(ခ)အိုက်ကျိုင်းသည် ထိုင်းမူးယစ်ဆေးဝါးရောင်းဝယ်သည့်အဖွဲ့မှဖြစ်ပြီး လွန်ခဲ့သည့် (၅)နှစ်ခန့်က ထိုင်းနိုင်ငံ၊ တန်ခရိုင်၊ ဝမ်ဝိစမြေို့ရှိ၎င်း၏နေအိမ်တွင် မူးယစ်ဆေးဝင်ရောက်ဖမ်းဆီးမှုအတွင်းမှ ထွက်ပြေးလွတ်မြောက်နေသူဖြစ်ကြောင်းနှင့် မယ်ဆိုင်ချောင်းမှတဆင့် တာချီလိတ်သို့ တရားမဝင်ဖြတ်သန်းကာ ဝင်ရောက်နေထိုင်နေသူဖြစ်ကြောင်း သိရသည်။

 အဆိုပါနေအိမ်ဝင်းတွင် တွေ့ရသည့် Civic အမျိုးအစား မော်တော်ယာဉ်(၁)စီး၊ Suzuki Swift အမျိုးအစား မော်တော်ယာဉ်(၁)စီးနှင့် YAMAHA အမျိုးအစား မော်တော်ဆိုင်ကယ်(၁)စီးတို့ကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၃)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net