သီေပါၿမိဳ႕တြင္ လာေရာက္ခိုလံႈေနသည့္ ပန္လံုရြာမွ တုိက္ပြဲႀကိဳေရွာင္လာသူ (၁၆၄)ဦး ေနရပ္ျပန္

သီေပါၿမိဳ႕တြင္ လာေရာက္ခိုလံႈေနသည့္ ပန္လံုရြာမွ တုိက္ပြဲႀကိဳေရွာင္လာသူ (၁၆၄)ဦး ေနရပ္ျပန္
သြဂုတ် 25, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ ေအာင္မဂၤလာဘိုးေတာ္ေက်ာင္းတိုက္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၅) ရက္ေန႔က ေရာက္ရိွခိုလံႈေနသည့္ ပန္လံုရြာမွ တိုက္ပြဲေရွာင္ (၁၆၄) ဦးသည္ ၾသဂုတ္လ(၂၃)ရက္ေန႔က ေနရပ္ျပန္ၿပီျဖစ္သျဖင့္ လက္ရိွတြင္ သီေပါၿမိဳ႕အတြင္း တုိက္ပြဲေရွာင္မရွိေၾကာင္း သိရသည္။

"သူတို႔ ဒီမွာရွိစဥ္က အလွဴရွင္ေတြ လာလွဴထားတ့ဲ ဆန္၊ဆီစတာေတြနဲ႔ စားနပ္ရိကၡာေတြကို အေထာက္ အပ႔ံအေနနဲ႔ ထည့္ေပးလိုက္ပါတယ္။ မနက္ (၁၀) နာရီေလာက္မွာ ျပန္ၾကတယ္” ဟု တိုက္ပြဲေရွာင္မ်ားအား ေနရပ္ျပန္ပို႔ေပးခ့ဲသည့္ One More လူမႈကူညီေရးအသင္း(သီေပါ) မွ ကိုေက်ာ္စြာက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

နမၼတူၿမိဳ႕နယ္၊ ပန္လံုေက်းရြာႏွင့္အနီးဝန္းက်င္တြင္ လက္နက္ကိုင္အဖြဲ႔အခ်ိဳ႕ဝင္ေရာက္လာျခင္းေၾကာင့္ တိုက္ပြဲျဖစ္ပြားမည္ကို စိုးရိမ္၍ ႀကိဳတင္ေရွာင္တိမ္းလာၾကျခင္းျဖစ္ၿပီး အဆိုပါေဒသခံမ်ား ေနရပ္ျပန္ႏုိင္ေရးအတြက္ သီေပါလူငယ္အဖြဲ႔ နယ္စည္းမျခား ပရဟိတအဖြဲ႔ႏွင့္ One More လူမႈကူညီေရးအဖြဲ႔တို႔က အသင္းကား (၄) စီး၊ ပန္လံုေဒသခံမ်ားက ကူညီသည့္ကား ( ၂) စီးျဖင့္ ေနရပ္ျပန္သြားၾကျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -ကိုေက်ာ္စြာ(One More)

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့တွင် လာရောက်ခိုလှုံနေသည့် ပန်လုံရွာမှ တိုက်ပွဲကြိုရှောင်လာသူ (၁၆၄)ဦး နေရပ်ပြန်
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့က ရောက်ရှိခိုလှုံနေသည့် ပန်လုံရွာမှ တိုက်ပွဲရှောင် (၁၆၄) ဦးသည် သြဂုတ်လ(၂၃)ရက်နေ့က နေရပ်ပြန်ပြီဖြစ်သဖြင့် လက်ရှိတွင် သီပေါမြို့အတွင်း တိုက်ပွဲရှောင်မရှိကြောင်း သိရသည်။
``သူတို့ ဒီမှာရှိစဉ်က အလှူရှင်တွေ လာလှူထားတဲ့ ဆန်၊ဆီစတာတွေနဲ့ စားနပ်ရိက္ခာတွေကို အထောက် အပံ့အနေနဲ့ ထည့်ပေးလိုက်ပါတယ်။ မနက် (၁၀) နာရီလောက်မှာ ပြန်ကြတယ်” ဟု တိုက်ပွဲရှောင်များအား နေရပ်ပြန်ပို့ပေးခဲ့သည့် One More လူမှုကူညီရေးအသင်း(သီပေါ) မှ ကိုကျော်စွာက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာနှင့်အနီးဝန်းကျင်တွင် လက်နက်ကိုင်အဖွဲ့အချို့ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ကြိုတင်ရှောင်တိမ်းလာကြခြင်းဖြစ်ပြီး အဆိုပါဒေသခံများ နေရပ်ပြန်နိုင်ရေးအတွက် သီပေါလူငယ်အဖွဲ့ နယ်စည်းမခြား ပရဟိတအဖွဲ့နှင့် One More လူမှုကူညီရေးအဖွဲ့တို့က အသင်းကား (၄) စီး၊ ပန်လုံဒေသခံများက ကူညီသည့်ကား ( ၂) စီးဖြင့် နေရပ်ပြန်သွားကြခြင်းဖြစ်ကြောင်းသိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ ကိုကျော်စွာ(One More)
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~