ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ားအား လားရိႈးတြင္ လစဥ္အခမဲ့ကုသေပးမည္ျဖစ္၍ စာရင္းေပးသြင္းႏိုင္

ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ားအား လားရိႈးတြင္ လစဥ္အခမဲ့ကုသေပးမည္ျဖစ္၍ စာရင္းေပးသြင္းႏိုင္
သြဂုတ် 25, 2018
By 🌸
ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ အခမဲ့ ခြဲစိတ္ကုသေပးျခင္းကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၂၅) ရက္ေန႔မွ (၂၇) ရက္ေန႔အထိကုသေပးေနၿပီး အဆိုပါအစီအစဥ္အား လစဥ္လုပ္ေဆာင္သြားမည္ျဖစ္သျဖင့္ ဆက္သြယ္စာရင္းေပးထားႏုိင္ေၾကာင္း သိရသည္။

“အဓိကရည္ရြယ္ခ်က္ကေတာ့ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ျဖစ္တဲ့ ႏႈတ္ခမ္း၊ အာေခါင္ကြဲကေလးေတြ၊ ဆင္းရဲႏြမ္းပါး သူေတြကို အဓိကထားရည္ရြယ္ၿပီး ကုသေပးတာျဖစ္ပါတယ္။ သူတို႔ရဲ့ပတ္ဝန္းက်င္မွာ ခ်ိဳ႕ယြင္းခ်က္ႀကီးနဲ႔ မေနရေအာင္ အကူအညီေပးတာျဖစ္ပါတယ္။ ေမြးရာပါျဖစ္ဖို႔ပဲ အဓိကထားပါတယ္။ အက္ဆီးဒင့္ေတြေၾကာင့္ ျဖစ္ရတာေတြကိုေတာ့ ဦးစားေပးမထားပါဘူး” ေနျပည္ေတာ္ ဇဗၺဴသီရီအထူးကုေဆးရံုႀကီးမွ အလွအပႏွင့္ အေထြေထြ ခြဲစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာ ေအာင္သန္႔ထြန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသမွ အသက္(၆)လႏွင့္အထက္ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ားကို အခမဲ့ခြဲစိတ္ကုသေပးသည့္အစီအစဥ္ကို Smile Train အဖြဲ႔က ေဆးဝါးမ်ား ေထာက္ပံ့ျခင္း၊ ေနျပည္ေတာ္ ဇဗၺဴသီရီ အထူးကုေဆးရံုႀကီးမွ ဆရာဝန္မ်ားက ပညာဒါနပါဝင္ျခင္း၊ လားရိႈးၿမိဳ႕ရိွ ေအာင္ေဆးရံု(လားရိႈး)က ခြဲစိပ္ကုသရန္ေနရာထုိင္ခင္းစီစဥ္ေပးျခင္း၊ လားရိႈးၿမိဳ႕ရွိ မန္ဆူ(ရွမ္းေက်ာင္း)ဆရာေတာ္က လူနာအားလံုးအတြက္ တည္းခိုေနထိုင္မႈစီစဥ္ေပးျခင္းျဖင့္ ပူးေပါင္းကူညီၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုခြဲစိတ္ကုသမႈအတြက္ စာရင္းေပးထားသည့္လူနာ (၃၅)ဦးရိွၿပီး တစ္ရက္လွ်င္ (၁၀)ဦးႏႈန္း ကုသေပးေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ  လူနာမ်ားကို ကုသေပးျခင္းျဖစ္ေသာ္လည္း လာေရာက္ကုသမႈခံယူသူမ်ားတြင္ ကခ်င္ျပည္နယ္ႏွင့္ မႏၱေလးတုိင္းမွ လူနာအခ်ဳိ႕လည္း လာေရာက္ကုသမႈ ခံယူၾကေၾကာင္း သိရသည္။
စက္တင္ဘာလႏွင့္ ေအာက္တိုဘာလမ်ားအတြက္ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမ်ားအျပင္ အနယ္နယ္အရပ္ရပ္မွ ကုသမႈခံယူလိုသူမ်ား  ေအာင္ေဆးရံု (လားရိႈး) အမွတ္(၂၁)၊ ၾကာညိဳလမ္း၊ ရပ္ကြက္(၃)၊ ဖုန္း 082-2925799 ႏွင့္ 09-47320255 တို႔ကို ဆက္သြယ္စာရင္းေပးထားႏိုင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား လားရှိုးတွင် လစဉ်အခမဲ့ကုသပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိုင်
******
မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိကုသပေးနေပြီး အဆိုပါအစီအစဉ်အား လစဉ်လုပ်ဆောင်သွားမည်ဖြစ်သဖြင့် ဆက်သွယ်စာရင်းပေးထားနိုင်ကြောင်း သိရသည်။

“အဓိကရည်ရွယ်ချက်ကတော့ မွေးရာပါချို့ယွင်းချက်ဖြစ်တဲ့ နှုတ်ခမ်း၊ အာခေါင်ကွဲကလေးတွေ၊ ဆင်းရဲနွမ်းပါး သူတွေကို အဓိကထားရည်ရွယ်ပြီး ကုသပေးတာဖြစ်ပါတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်မှာ ချို့ယွင်းချက်ကြီးနဲ့ မနေရအောင် အကူအညီပေးတာဖြစ်ပါတယ်။ မွေးရာပါဖြစ်ဖို့ပဲ အဓိကထားပါတယ်။ အက်ဆီးဒင့်တွေကြောင့် ဖြစ်ရတာတွေကိုတော့ ဦးစားပေးမထားပါဘူး” နေပြည်တော် ဇဗ္ဗူသီရီအထူးကုဆေးရုံကြီးမှ အလှအပနှင့် အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်သန့်ထွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှ အသက်(၆)လနှင့်အထက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသပေးသည့်အစီအစဉ်ကို Smile Train အဖွဲ့က ဆေးဝါးများ ထောက်ပံ့ခြင်း၊ နေပြည်တော် ဇဗ္ဗူသီရီ အထူးကုဆေးရုံကြီးမှ ဆရာဝန်များက ပညာဒါနပါဝင်ခြင်း၊ လားရှိုးမြို့ရှိ အောင်ဆေးရုံ(လားရှိုး)က ခွဲစိပ်ကုသရန်နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ လားရှိုးမြို့ရှိ မန်ဆူ(ရှမ်းကျောင်း)ဆရာတော်က လူနာအားလုံးအတွက် တည်းခိုနေထိုင်မှုစီစဉ်ပေးခြင်းဖြင့် ပူးပေါင်းကူညီကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုခွဲစိတ်ကုသမှုအတွက် စာရင်းပေးထားသည့်လူနာ (၃၅)ဦးရှိပြီး တစ်ရက်လျှင် (၁၀)ဦးနှုန်း ကုသပေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ  လူနာများကို ကုသပေးခြင်းဖြစ်သော်လည်း လာရောက်ကုသမှုခံယူသူများတွင် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းမှ လူနာအချို့လည်း လာရောက်ကုသမှု ခံယူကြကြောင်း သိရသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလများအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများအပြင် အနယ်နယ်အရပ်ရပ်မှ ကုသမှုခံယူလိုသူများ  အောင်ဆေးရုံ (လားရှိုး) အမှတ်(၂၁)၊ ကြာညိုလမ်း၊ ရပ်ကွက်(၃)၊ ဖုန်း 082-2925799 နှင့် 09-47320255 တို့ကို ဆက်သွယ်စာရင်းပေးထားနိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~