ထုိင္းႏုိင္ငံတြင္ စိတ္ၾကြေဆးျပားႏွစ္သိန္းခြဲသယ္ေဆာင္လာသူ (၃)ဦးကိုဖမ္းမိၿပီးေနာက္ ဘဏ္စာရင္း (၁၇)ခုအပါအဝင္ ပိုင္ဆုိင္မႈမ်ားကို သိမ္းဆည္း

ထုိင္းႏုိင္ငံတြင္ စိတ္ၾကြေဆးျပားႏွစ္သိန္းခြဲသယ္ေဆာင္လာသူ (၃)ဦးကိုဖမ္းမိၿပီးေနာက္ ဘဏ္စာရင္း (၁၇)ခုအပါအဝင္ ပိုင္ဆုိင္မႈမ်ားကို သိမ္းဆည္း
ဧပြီ 21, 2019
By 🌸
စိတ္ၾကြေဆးျပား (၂)သိန္းခြဲႏွင့္ အုိက္စ္ (၁.၂)ကီလိုဂရမ္သယ္လာသည့္ ထုိင္းနုိင္ငံသား (၃)ဦးကို ထုိင္းႏုိင္ငံေျမာက္ပိုင္း ႏြန္ခြန္းေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၀)ရက္ေန႔ နံနက္အေစာပိုင္းက ပစ္ခတ္ဖမ္းဆီးရမိၿပီးေနာက္ ဘဏ္စာရင္း (၁၇)ခုအပါအဝင္ ၎တို႔၏ပိုင္ဆုိင္မႈမ်ားကို သိမ္းဆည္းလုိက္ေၾကာင္း သိရသည္။

ရဲႏွင့္စစ္တပ္တုိ႔ပူးေပါင္းပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ႏြန္ခြန္းေက်းရြာအနီး လမ္းမတြင္ နံနက္(၄)နာရီအခ်ိန္က ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရန္ တားျမစ္သည္ကို မရပ္ဘဲေမာင္းႏွင္ထြက္ေျပးသျဖင့္ ေမာ္ေတာ္ယာဥ္၏ေရွ႕ဘီးကို ပစ္ခတ္တားဆီးခဲ့ရေၾကာင္း သိရသည္။

ေက်းရြာတံတားတြင္ ရပ္တန္႔သြားသည့္ကားအတြင္းမွ ထုိင္းႏုိင္ငံသား (၃)ဦးႏွင့္အတူ စိတ္ၾကြေဆးျပားမ်ား၊ အုိက္စ္မ်ားကို စစ္ေဆးေတြ႔ရိွရသျဖင့္ တရားမဝင္ မူးယစ္ေဆးဝါးမ်ား လက္ဝယ္ထားရိွမႈ၊ ေရာင္းခ်မႈႏွင့္ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားကို ခုခံမႈ၊ သတ္ရန္ႀကံစည္မႈတုိ႔ျဖင့္ အေရးယူထားေၾကာင္း သိရသည္။

ဖမ္းဆီရမိသူ (၃)ဦး၏ေနအိမ္မ်ားကို ဆက္လက္ရွာေဖြရာ ဘဏ္စာရင္း (၁၇)ခု၊ ကား၊ ဆုိင္ကယ္၊ ေရႊလက္ဝတ္ရတနာမ်ားႏွင့္ အျခားတန္ဖိုးရိွပစၥည္းမ်ားကို ရွာေဖြေတြ႔ရိွ သိမ္းဆည္းထားေၾကာင္း သိရသည္။
အဆိုပါ (၃)ဦးမွာ အိမ္နီးခ်င္းႏိုင္ငံတစ္ခုမွ မူးယစ္ေဆးသယ္ေဆာင္ေရာင္းဝယ္ေနသူမ်ားျဖစ္သည္ဟု ရဲတပ္ဖြဲ႕က ေျပာၾကားထားသည္။

Tachileik News Agency
Ref:Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် စိတ်ကြွဆေးပြားနှစ်သိန်းခွဲသယ်ဆောင်လာသူ (၃)ဦးကိုဖမ်းမိပြီးနောက် ဘဏ်စာရင်း (၁၇)ခုအပါအဝင် ပိုင်ဆိုင်မှုများကို သိမ်းဆည်း
**********
စိတ်ကြွဆေးပြား (၂)သိန်းခွဲနှင့် အိုက်စ် (၁.၂)ကီလိုဂရမ်သယ်လာသည့် ထိုင်းနိုင်ငံသား (၃)ဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း နွန်ခွန်းကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ နံနက်အစောပိုင်းက ပစ်ခတ်ဖမ်းဆီးရမိပြီးနောက် ဘဏ်စာရင်း (၁၇)ခုအပါအဝင် ၎င်းတို့၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ရဲနှင့်စစ်တပ်တို့ပူးပေါင်းပါဝင်သည့် ပူးပေါင်းအဖွဲ့က နွန်ခွန်းကျေးရွာအနီး လမ်းမတွင် နံနက်(၄)နာရီအချိန်က မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရန် တားမြစ်သည်ကို မရပ်ဘဲမောင်းနှင်ထွက်ပြေးသဖြင့် မော်တော်ယာဉ်၏ရှေ့ဘီးကို ပစ်ခတ်တားဆီးခဲ့ရကြောင်း သိရသည်။

ကျေးရွာတံတားတွင် ရပ်တန့်သွားသည့်ကားအတွင်းမှ ထိုင်းနိုင်ငံသား (၃)ဦးနှင့်အတူ စိတ်ကြွဆေးပြားများ၊ အိုက်စ်များကို စစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိမှု၊ ရောင်းချမှုနှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ခုခံမှု၊ သတ်ရန်ကြံစည်မှုတို့ဖြင့် အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီရမိသူ (၃)ဦး၏နေအိမ်များကို ဆက်လက်ရှာဖွေရာ ဘဏ်စာရင်း (၁၇)ခု၊ ကား၊ ဆိုင်ကယ်၊ ရွှေလက်ဝတ်ရတနာများနှင့် အခြားတန်ဖိုးရှိပစ္စည်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းထားကြောင်း သိရသည်။

အဆိုပါ (၃)ဦးမှာ အိမ်နီးချင်းနိုင်ငံတစ်ခုမှ မူးယစ်ဆေးသယ်ဆောင်ရောင်းဝယ်နေသူများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။

Tachileik News Agency
Ref:Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net