ကျောက်မဲမြို့တွင် (၃၈)နှစ်တာအတွင်း စံချိန်တင် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် အုတ်တံတိုင်းများ ပြိုကြသည်အထိ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့

ကျောက်မဲမြို့တွင် (၃၈)နှစ်တာအတွင်း စံချိန်တင် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် အုတ်တံတိုင်းများ ပြိုကြသည်အထိ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် မေလ (၁၉) ရက်နေ့ နံနက်အစောပိုင်းက (၃၈)နှစ်တာအတွင်း မိုးရေချိန် စံချိန်သစ်တင် ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများနှင့် ပျက်စီးမှုအချို့ ဖြစ်ပွားသွားသည်။

ယခင်က မိုးရေချိန် စံချိန်ဟောင်းမှာ (၃.၄၆) လက်မသာရှိနေရာမှ မေလ (၁၉) ရက်နေ့က ရွာသွန်းသည့် မိုးရေချိန် စံချိန်သစ်မှာ (၅.၀၄) လက်မအထိ တိုးလာခြင်းဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေသည် ကျောက်မဲမြို့တွင်းသို့ ကျောက်မဲကြီးဘက်မှ အောင်ဆန်းလမ်းအတိုင်း အမှတ် (၈)ရပ်ကွက် ယက်ကန်းကျောင်းရှေ့မှပြန်ထွက်ကာ မြို့နယ် ဘောလုံးကွင်းသို့ဖြတ်ပြီး ဝေဠုဝန်ဘုန်းကြီးကျောင်းနားတစ်ဝိုက်မှ ကြံခိုင်ရေး ကားကွင်းအထိ တောက်လျှောက် စီးဆင်းနေခြင်းဖြစ်သည်။

တောင်ကျရေများကြောင့် အမှတ် (၈)ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း၏ အုတ်တံတိုင်း အကန့် အများအပြားပြိုကျခဲ့ပြီး အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းအနီး၌လည်း အုတ်တံတိုင်း အချို့ပြိုကျခဲ့သည့်အပြင် အမှတ် (၈)ရပ်ကွက်ရှိ ငါးမွေးကန် တစ်ခုလည်း ပေါက်ထွက်သွားခဲ့သည်ဟု သိရသည်။

ယင်းအပြင် လူနေအိမ်များတွင် ရွှံ့ရေဝင်ရောက်မှုများလည်း ရှိနေခြင်းဖြစ်သည်။



Photo: CJ