မြန်မာဘက်က COVID-19 တိုးပွားလာမှုကြောင့် မယ်ဆိုင်ဘက်မှ ကန့်သတ်ရန် ကြိုးစားလာမှုများနှင့်ပတ်သက်၍ တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ ဆွေးနွေး

မြန်မာဘက်က COVID-19 တိုးပွားလာမှုကြောင့် မယ်ဆိုင်ဘက်မှ ကန့်သတ်ရန် ကြိုးစားလာမှုများနှင့်ပတ်သက်၍ တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ ဆွေးနွေး
စက်တင်ဘာ 14, 2020
By Tachileik News Agency
မြန်မာဘက်က COVID-19 တိုးပွားလာမှုကြောင့် မယ်ဆိုင်ဘက်မှ ကန့်သတ်ရန် ကြိုးစားလာမှုများနှင့်ပတ်သက်၍ တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ ဆွေးနွေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကြား COVID 19 ကာလအတွင်း ကုန်သွယ်ရေးအတွက် ကန့်သတ်မှုများ၊ နယ်စပ်ခိုးဝင်ခြင်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ မြို့နယ်အဆင့် တာဝန်ရှိသူများ မယ်ဆိုင်မြို့ဘက်သို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့၌ သွားရောက်ဆွေးနွေးသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား တရားဝင်နယ်စပ်တံတားကို ထိုင်းနိုင်ငံက COVID 19 ထိန်းချုပ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ကတည်းက ယာယီပိတ်ထားခဲ့ပြီး ကုန်သွယ်ရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)မှ အကန့်အသတ်ဖြင့် ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ခွင့်ပြုနေရာမှ မြန်မာနိုင်ငံဘက်တွင် COVID 19 အတည်ပြုလူနာတွေ့ရှိမှု မြင့်တက်လာရာ ထိုင်းနိုင်ငံက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) မှ ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ယာဉ်မောင်းများအား ထိုင်းဘက်သို့ ပေးမဝင်ဘဲ နယ်စပ်မှနေ၍ ထိုင်းယာဉ်မောင်းများ လွှဲပြောင်းမောင်းနှင်ရန်နှင့် နယ်စပ်ချောင်းမှ မြန်မာနိုင်ငံသားများ ခိုးကူးနေသည့် ကိစ္စတို့ကို ထိုင်းဘက်ကဆွေးနွေးလာသည့်အတွက် မြန်မာဘက် တာဝန်ရှိသူများက သွားရောက်ဆွေးနွေးကြခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှနေ၍ မြန်မာနှင့် ထိုင်း ကုန်တင်ယာဉ်များ မော်တော်ယာဉ်တစ်စီးလျှင် လူ(၁)ဦးနှုန်းဖြင့် ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ပြီး နယ်စပ်မှ နှစ်နိုင်ငံသားများ ခိုးဝင်ဖြတ်ကူးနေသည့်ကိစ္စကို မြန်မာဘက်၌ COVID 19 ပြည်တွင်းကူးစက်ရှိလာချိန်တွင် ထိုင်းဘက်က တင်းကြပ်စွာ စိစစ်လာခြင်းဖြစ်သည်။
 
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~