ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္း ဆိုင္ကယ္ေပ်ာက္မႈမ်ားႏွင့္ ပတ္သက္၍ ေပ်ာက္သည့္ ဆိုင္ကယ္မွာ လိုင္စင္မဲ့ျဖစ္ေနပါကလည္း ရဲစခန္းသို႔ လာေရာက္ အသိေပးတိုင္ၾကားၾကရန္ တိုက္တြန္း

ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္း ဆိုင္ကယ္ေပ်ာက္မႈမ်ားႏွင့္ ပတ္သက္၍ ေပ်ာက္သည့္ ဆိုင္ကယ္မွာ လိုင္စင္မဲ့ျဖစ္ေနပါကလည္း ရဲစခန္းသို႔ လာေရာက္ အသိေပးတိုင္ၾကားၾကရန္ တိုက္တြန္း
စက်တင်ဘာ 5, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တြင္ ဆုိင္ကယ္ေပ်ာက္ဆံုးမႈမ်ား မၾကာခဏ ျဖစ္ပြားေနသျဖင့္ ေပ်ာက္ဆံုးဆုိင္ကယ္မ်ားမွာ လုိင္စင္မဲ့ဆုိင္ကယ္မ်ားျဖစ္ပါကလည္း ရဲစခန္းတြင္ လာေရာက္ အမႈဖြင့္ တုိင္ၾကားၾကရန္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္က တုိက္တြန္းေျပာၾကားလုိက္သည္။

"ဆိုင္ကယ္ေပ်ာက္ရင္ေတာ့ ရဲစခန္းမွာ ဘယ္လိုဘဲျဖစ္ျဖစ္ အေၾကာင္းၾကား အမႈဖြင့္တာေတာ့ ေဆာင္ရြက္ ေစခ်င္ပါတယ္။ လိုင္စင္မဲ့ျဖစ္ရင္လည္း ကိုယ့္မွာအေထာက္အထားရိွလို႔ရွိရင္ သြားတိုင္ပါ။ လိုင္စင္မဲ့ျဖစ္လို႔ မိခဲ့ရင္ ဒီမွာက လိုင္စင္မဲ့ေတြကို လိုင္စင္ထုတ္ေပးတဲ့လုပ္ငန္းေတြကို သူ႕ရဲ႕သတ္မွတ္ေစ်းႏႈန္းနဲ႔ OSS ရံုးမွာ ေန႔ခ်င္းၿပီးေဆာင္ရြက္ေပးေနတဲ့ လုပ္ငန္းေတြရိွပါတယ္။ ဒီမွာမိတဲ့ဆိုင္ကယ္ေတြကို တရားဝင္ လိုင္စင္ျဖစ္ဖို႔ ေဆာင္ရြက္ၿပီးမွ အတတ္ႏိုင္ဆံုး  ေဆာင္ရြက္ေပးပါတယ္။ ဘာဘဲပ်ာက္ေပ်ာက္ ရဲစခန္းမွာ အေၾကာင္းၾကားဖို႔ လိုပါတယ္"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုတြင္ ဆုိင္ကယ္ေပ်ာက္ဆံုးမႈမ်ား မၾကာခဏျဖစ္ပြားေနၿပီး လိုင္စင္မဲ့ဆုိင္ကယ္ ေပ်ာက္ဆံုးမႈမ်ားျဖစ္ပါက အမႈဖြင့္ရန္ ေဒသခံမ်ားက စိုးရိမ္ေလ့ရိွသျဖင့္ အမႈဖြင့္ေလ့မရိွေသာ္လည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိဆုိင္ကယ္မ်ားကို ပိုင္ရွင္ထံ ျပန္လည္ေပးအပ္ျခင္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“အမႈက ဖြင့္တဲ့သူလည္း ဖြင့္ပါတယ္။ အမႈမဖြင့္တာလည္း ရိွပါတယ္။ ဖမ္းဆီးရမိတဲ့အခါမွာေတာ့ ပိုင္ရွင္ကို ရွာေဖြၿပီး ျပန္ေပးတာေတြလည္း ရိွပါတယ္။ အခုက ဆုိင္ကယ္လာခိုးတာက ဒီကတင္မဟုတ္ဘူး။ တစ္ျခားေဒသကေန လာဆြဲလုိက္၊ ေပ်ာက္သြားလုိက္ေတြ ျဖစ္ေနတာေတြ႕ရတယ္။ ဒါေတြကို သတိထားဖို႔လိုတယ္။ ဆုိင္ကယ္ပိုင္ရွင္ေတြအေနနဲ႔ ပိုသတိထားဖို႔ လိုတာေပါ့။ သူခိုးကေတာ့ ဘယ္လိုခိုးရမယ္ဆိုတာ ေလ့က်င့္ထားၿပီးသား၊ ေသာ့ေတြဘာေတြ ဖ်က္ရတာလည္း လြယ္တယ္ေလ။ ဒီေတာ့ ဘုရားေတြဘာေတြ သြားရင္ ဆုိင္ကယ္အပ္တဲ့ေနရာေတြမွာ အပ္တာတို႔လုိမ်ိဳး သတိထားဖို႔ လုိပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး သန္းထြန္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံု၊ တာခ်ီလိတ္ႏွင့္ မုိင္းဆတ္ခရိုင္မ်ားအတြင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔မွ ၾသဂုတ္လ (၃၀)ရက္ေန႔အထိ ဆုိင္ကယ္ေပ်ာက္ဆံုးမႈ (၁၆)မႈ တုိင္ၾကားထားၿပီး တာခ်ီလိတ္ခရို္င္အတြင္း (၁၀)မႈ၊ က်ိဳင္းတံုခရိုင္တြင္ (၁)မႈႏွင့္ မိုင္းဆတ္ခရိုင္တြင္ (၅)မႈ အမႈဖြင့္ တုိင္ၾကားခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပျောက်ဆုံးဆိုင်ကယ်များမှာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်ပါကလည်း ရဲစခန်းတွင် လာရောက် အမှုဖွင့် တိုင်ကြားကြရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တိုက်တွန်းပြောကြားလိုက်သည်။

"ဆိုင်ကယ်ပျောက်ရင်တော့ ရဲစခန်းမှာ ဘယ်လိုဘဲဖြစ်ဖြစ် အကြောင်းကြား အမှုဖွင့်တာတော့ ဆောင်ရွက် စေချင်ပါတယ်။ လိုင်စင်မဲ့ဖြစ်ရင်လည်း ကိုယ့်မှာအထောက်အထားရှိလို့ရှိရင် သွားတိုင်ပါ။ လိုင်စင်မဲ့ဖြစ်လို့ မိခဲ့ရင် ဒီမှာက လိုင်စင်မဲ့တွေကို လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းတွေကို သူ့ရဲ့သတ်မှတ်ဈေးနှုန်းနဲ့ OSS ရုံးမှာ နေ့ချင်းပြီးဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေရှိပါတယ်။ ဒီမှာမိတဲ့ဆိုင်ကယ်တွေကို တရားဝင် လိုင်စင်ဖြစ်ဖို့ ဆောင်ရွက်ပြီးမှ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါတယ်။ ဘာဘဲပျာက်ပျောက် ရဲစခန်းမှာ အကြောင်းကြားဖို့ လိုပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့် ကျိုင်းတုံတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားနပြေီး လိုင်စင်မဲ့ဆိုင်ကယ် ပျောက်ဆုံးမှုများဖြစ်ပါက အမှုဖွင့်ရန် ဒေသခံများက စိုးရိမ်လေ့ရှိသဖြင့် အမှုဖွင့်လေ့မရှိသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိဆိုင်ကယ်များကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

“အမှုက ဖွင့်တဲ့သူလည်း ဖွင့်ပါတယ်။ အမှုမဖွင့်တာလည်း ရှိပါတယ်။ ဖမ်းဆီးရမိတဲ့အခါမှာတော့ ပိုင်ရှင်ကို ရှာဖွပြေီး ပြန်ပေးတာတွေလည်း ရှိပါတယ်။ အခုက ဆိုင်ကယ်လာခိုးတာက ဒီကတင်မဟုတ်ဘူး။ တစ်ခြားဒေသကနေ လာဆွဲလိုက်၊ ပျောက်သွားလိုက်တွေ ဖြစ်နေတာတွေ့ရတယ်။ ဒါတွေကို သတိထားဖို့လိုတယ်။ ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ ပိုသတိထားဖို့ လိုတာပေါ့။ သူခိုးကတော့ ဘယ်လိုခိုးရမယ်ဆိုတာ လေ့ကျင့်ထားပြီးသား၊ သော့တွေဘာတွေ ဖျက်ရတာလည်း လွယ်တယ်လေ။ ဒီတော့ ဘုရားတွေဘာတွေ သွားရင် ဆိုင်ကယ်အပ်တဲ့နေရာတွေမှာ အပ်တာတို့လိုမျိုး သတိထားဖို့ လိုပါတယ်”ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်များအတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ သြဂုတ်လ (၃၀)ရက်နေ့အထိ ဆိုင်ကယ်ပျောက်ဆုံးမှု (၁၆)မှု တိုင်ကြားထားပြီး တာချီလိတ်ခရို်င်အတွင်း (၁၀)မှု၊ ကျိုင်းတုံခရိုင်တွင် (၁)မှုနှင့် မိုင်းဆတ်ခရိုင်တွင် (၅)မှု အမှုဖွင့် တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net