ရွှေတြိဂံဇုန်ဟိုတယ်အသင်း အလုပ်အမှုဆောင်သစ်ရွေးချယ်ရန်အတွက် တာချီလိတ်တွင် ဆွေးနွေးကာ အမည်စာရင်းတင်သွင်း

ရွှေတြိဂံဇုန်ဟိုတယ်အသင်း အလုပ်အမှုဆောင်သစ်ရွေးချယ်ရန်အတွက် တာချီလိတ်တွင် ဆွေးနွေးကာ အမည်စာရင်းတင်သွင်း
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

ရွှေတြိဂံဇုန်ဟိုတယ်အသင်း အလုပ်အမှုဆောင်သစ် ရွေးချယ်ရန်အတွက် တာချီလိတ်တွင် ဆွေးနွေးကာ အမည်စာရင်းတင်သွင်း

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ အလုပ်အမှုဆောင်သစ် အမည်စာရင်း တင်သွင်းရန် အတွက် အစည်းအဝေးအား တာချီလိတ်မြို့ရှိ 1G1 8  ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပြီး  အသင်းအတွက်  အလုပ်အမှုဆောင်သစ် အမည်စာရင်းများ ရွေးချယ် တင်သွင်းခဲ့ကြောင်း သိရသည်။

"အလုပ်အမှုဆောင်အဖွဲ့ အဟောင်းက (၃) နှစ် လုပ်ဆောင်ပြီးသွားပြီ။ အခုက (၃) နှစ်စာအတွက် အမှုဆောင်အသစ် ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဆန္ဒမဲနဲ့သွားမှာဖြစ်ပါတယ်။ ဒီအတွက် အဆိုပြုမယ့်သူကို ကြိုတင်ပြီးတော့ ဆန္ဒကောက်ခံတာဖြစ်ပါတယ်။ ကျိုင်းတုံမှာဆန္ဒမဲပေးတဲ့အချိန်ကျမှ မလုပ်ချင်ဘူး၊ လုပ်ချင်တယ် ဖြစ်မှာစိုးလို့ အခုကြိုပြီးတော့ ဘယ်သူတွေက အမှုဆောင်အဖြစ် အရွေးချယ်ခံဖို့ ဆန္ဒရှိသလား၊ မရှိ သလားဆိုတာ ကြိုပြီးညှိနှိုင်းတာဖြစ်ပါတယ်"

ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဒုတိယဥက္ကဌ ဦးအာကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ အဌမအကြိမ်မြောက် အသင်းနှစ်ပတ်လည် အစည်းအဝေးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမေးဇင်းကျိုင်းတုံဟိုတယ်၌ ဖေဖော်ဝါရီလ(၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်ပြီး အလုပ်အမှုဆောင်သစ်ကိုရွေးချယ်ဖွဲ့စည်းမည်ဖြစ်သည့်အတွက် တာချီလိတ်မြို့မှ ဟိုတယ်၊ မိုတယ်နှင် တည်းခိုခန်း (၅၃)လုံးမှ ပိုင်ရှင်နှင့် မန်နေဂျာများမှ အသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်နိုင်ရေးအတွက် ကြိုတင်အမည်စာရင်းတင်သွင်းမှုကို ကြိုတင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ကြိုတင် ညှိနှိုင်းအစည်းအဝေးသို့ ဖိတ်ကြားထားသူများအနက်မှ (၄၄)ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ဥက္ကဌအဖြစ် ဟိုတယ်တာချီလိတ်ပိုင်ရှင် ဦးထွန်းနေဦး၊ ဒုတိယဥက္ကဌအဖြစ် 1G1 7 နှင့် 1G1 8 ဟိုတယ်ပိုင်ရှင် ဦးအောင်နိုင်၊ စာရင်းကိုင်အဖြစ် ဇန်းမွန်အခါဟိုတယ်မှ ဒေါ်အားနာ၊ လက်ထောက်စာရင်းကိုင်အဖြစ် ဟိုတယ်တာချီလိတ်မှ ဒေါ်ရွှေဇင်ခက်၊ စာရင်းစစ်အဖြစ် Golden Lucky Motel မန်နေဂျာ ဒေါ်မွန်မွန်ဦးတို့ပါဝင်ပြီး အလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် မဲခေါင်မြစ်ဟိုတယ်၊ ရွှေဘူးသီးဟိုတယ်၊ J My King Hotel၊ Platinum Star Hotel၊ Phalan ၊ San Sai Hotel
Golden Family Hotel၊ ရွှေရည်မြင့်မို  မိုတယ်၊ ကျင်းလုံဟိုတယ်၊ ငြိမ်းချမ်း ဟိုတယ်၊ အလူရာ ဟိုတယ် အပါအဝင် ကျိုင်းတုံမြို့မှ ရွေးချယ်ထားသူများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~