တာခ်ီလိတ္တြင္ ၀က္သားေရာင္းခ်မႈ အရႈံးေပၚေန၍ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ ဝက္သားသတ္လုိင္စင္ ေလွ်ာက္ထားသူမရိွေသး

တာခ်ီလိတ္တြင္ ၀က္သားေရာင္းခ်မႈ အရႈံးေပၚေန၍ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ ဝက္သားသတ္လုိင္စင္ ေလွ်ာက္ထားသူမရိွေသး
သြဂုတ် 29, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အသားထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်ခြင့္လိုင္စင္မ်ားကို ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၈) ရက္ေန႔က စည္ပင္သာယာေရးေကာ္မတီရံုးတြင္ ထုတ္ေပးရာ ယခင္ႏွစ္မ်ားက ဝက္သားသတ္လုိင္စင္ရရိွထားသူ (၂၆) ဦးလံုးက သက္တမ္းတိုးျခင္း မရိွေသးေၾကာင္း သိရသည္။

"အမဲလိုင္စင္ (၁၁) ခုနဲ႔ ဆိတ္လိုင္စင္ (၁) ခုပဲ လာထုတ္တယ္။ ဝက္လိုင္စင္ (၂၆) ဦးက တစ္ေယာက္မွ လာမဆြဲဘူး"ဟု တာခ်ီလိတ္ၿမို႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕နယ္အတြင္း ၾသဂုတ္လက ၀က္မ်ား ဖ်ားနာေသဆံုးမႈမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္   ဝက္သားစားသံုးမႈေလ်ာ့က်ခဲ့ရာ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီက ဝက္သား ထုတ္လုပ္သူမ်ားကို အခြန္ကင္းလြတ္ခြင့္ (၉) ရက္ေပးခဲ့ေသာ္လည္း ဝက္သားေရာင္းအားမွာ က်ဆင္းေနဆဲျဖစ္သျဖင့္ လုိင္စင္သက္တမ္းတိုးသူမရိွဘဲျဖစ္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔က အခုက အရံႈးေပၚေနတယ္။ အခုႏွစ္ စည္ပင္ေခါင္းခြန္ေတြက တက္သြားတယ္။ အရင္ႏွစ္ကထက္ က်ပ္ (၁၅၀၀) တက္သြားတယ္။ အရင္ႏွစ္က (ဝက္တစ္ေကာင္ကို) က်ပ္ (၇၀၀၀) ကေန အခု (၈၅၀၀) ျဖစ္သြားတယ္။ အသားထုတ္လုပ္မႈမွာလည္း အရင္ က်ပ္ (၄၂၀) ကေန (၅၂၀) ျဖစ္သြားတယ္။ ကၽြန္ေတာ္လုပ္သက္ ႏွစ္ (၂၀) မွာ ဒီႏွစ္လို ဆိုးဆိုးရြားရြား မႀကံဳဘူးေသးဘူး။ ေရာဂါေတြက အခုထိ ဘာမွန္းမသိေသးဘူး။ ေရာင္းမရေတာ့ အရံႈးအရမ္းေပၚတာေပါ့။ စည္ပင္ကို ေျပာခ်င္တာက ႏွစ္ဦးႏွစ္ဖက္ ေျပေျပလည္လည္ ဘယ္လိုညိႇႏိႈင္းၾကမလဲေပါ့။ အခုဝက္ေရာဂါေတြျဖစ္ေနတဲ့အတြက္ ကၽြန္ေတာ္တို႔ဘက္ကို ဘယ္လိုကူညီေပးႏိုင္မလဲေပါ့"ဟု ဝက္သားထုတ္လုပ္ေရာင္းခ်သူတစ္ဦးျဖစ္သည့္ ကိုစိုင္းေအာင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသားထုတ္လုပ္သည့္ လိုင္စင္ထုတ္ေပးရာတြင္ အာမခံစေပၚေငြကိုသာ ေတာင္းခံရယူထားၿပီး အသားထုတ္လုပ္သည့္ အေကာင္အေရအတြက္အလိုက္ ေခါင္းခြန္၊ ထုတ္လုပ္သည့္ အသားအေလးခ်ိန္အလိုက္ အသားခြန္မ်ား ေကာက္ခံသည့္စနစ္ကို က်င့္သံုးေနျခင္းျဖစ္သည္။

 အသားထုတ္လုပ္အတြက္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၄) ရက္ေန႔တြင္ ဝက္သားထုတ္လုပ္သည့္ လုပ္ငန္းရွင္မ်ားကို ထပ္မံေခၚယူထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသားထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့က စည်ပင်သာယာရေးကော်မတီရုံးတွင် ထုတ်ပေးရာ ယခင်နှစ်များက ဝက်သားသတ်လိုင်စင်ရရှိထားသူ (၂၆) ဦးလုံးက သက်တမ်းတိုးခြင်း မရှိသေးကြောင်း သိရသည်။

"အမဲလိုင်စင် (၁၁) ခုနဲ့ ဆိတ်လိုင်စင် (၁) ခုပဲ လာထုတ်တယ်။ ဝက်လိုင်စင် (၂၆) ဦးက တစ်ယောက်မှ လာမဆွဲဘူး"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း သြဂုတ်လက ဝက်များ ဖျားနာသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဝက်သားစားသုံးမှုလျော့ကျခဲ့ရာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဝက်သား ထုတ်လုပ်သူများကို အခွန်ကင်းလွတ်ခွင့် (၉) ရက်ပေးခဲ့သော်လည်း ဝက်သားရောင်းအားမှာ ကျဆင်းနေဆဲဖြစ်သဖြင့် လိုင်စင်သက်တမ်းတိုးသူမရှိဘဲဖြစ်နေကြောင်း သိရသည်။

"ကျွန်တော်တို့က အခုက အရှုံးပေါ်နေတယ်။ အခုနှစ် စည်ပင်ခေါင်းခွန်တွေက တက်သွားတယ်။ အရင်နှစ်ကထက် ကျပ် (၁၅၀၀) တက်သွားတယ်။ အရင်နှစ်က (ဝက်တစ်ကောင်ကို) ကျပ် (၇၀၀၀) ကနေ အခု (၈၅၀၀) ဖြစ်သွားတယ်။ အသားထုတ်လုပ်မှုမှာလည်း အရင် ကျပ် (၄၂၀) ကနေ (၅၂၀) ဖြစ်သွားတယ်။ ကျွန်တော်လုပ်သက် နှစ် (၂၀) မှာ ဒီနှစ်လို ဆိုးဆိုးရွားရွား မကြုံဘူးသေးဘူး။ ရောဂါတွေက အခုထိ ဘာမှန်းမသိသေးဘူး။ ရောင်းမရတော့ အရှုံးအရမ်းပေါ်တာပေါ့။ စည်ပင်ကို ပြောချင်တာက နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ဘယ်လိုညှိနှိုင်းကြမလဲပေါ့။ အခုဝက်ရောဂါတွဖြေစ်နေတဲ့အတွက် ကျွန်တော်တို့ဘက်ကို ဘယ်လိုကူညီပေးနိုင်မလဲပေါ့"ဟု ဝက်သားထုတ်လုပ်ရောင်းချသူတစ်ဦးဖြစ်သည့် ကိုစိုင်းအောင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသားထုတ်လုပ်သည့် လိုင်စင်ထုတ်ပေးရာတွင် အာမခံစပေါ်ငွေကိုသာ တောင်းခံရယူထားပြီး အသားထုတ်လုပ်သည့် အကောင်အရေအတွက်အလိုက် ခေါင်းခွန်၊ ထုတ်လုပ်သည့် အသားအလေးချိန်အလိုက် အသားခွန်များ ကောက်ခံသည့်စနစ်ကို ကျင့်သုံးနခြေင်းဖြစ်သည်။

 အသားထုတ်လုပ်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင် ဝက်သားထုတ်လုပ်သည့် လုပ်ငန်းရှင်များကို ထပ်မံခေါ်ယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net