တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက် (၆) ခုအတွင်းမှ အတည်ပြုလူနာနေအိမ်များနှင့် လမ်းအချို့ အပါအဝင် ကျေးရွာအုပ်စု (၄) စုကို Lockdown သတ်မှတ်ထား

တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက် (၆) ခုအတွင်းမှ အတည်ပြုလူနာနေအိမ်များနှင့် လမ်းအချို့ အပါအဝင် ကျေးရွာအုပ်စု (၄) စုကို Lockdown သတ်မှတ်ထား
နိုဝင်ဘာ 30, 2020
By Tachileik News Agency
 
တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက် (၆) ခုအတွင်းမှ အတည်ပြုလူနာနေအိမ်များနှင့် လမ်းအချို့ အပါအဝင်  ကျေးရွာအုပ်စု (၄) စုကို Lockdown သတ်မှတ်ထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၌ အတည်ပြုလူနာ (၁၂)ဦး ထပ်တိုးတွေ့ရသဖြင့် lockdown ချသည့်နေရာများ ထပ်တိုးလာရာ စုစုပေါင်း ရပ်ကွက် (၆) ခုနှင့် ကျေးရွာအုပ်စု (၄) စုတို့တွင် ပိုးတွေ့ရသူ၏ နေအိမ်များနှင့် အချို့လမ်းများကို lockdown ချထားပြီးဖြစ်သည်။
 “ကျေးရွာတွေမှာ ကျေးရွာအစီအစဉ်နဲ့ Lockdown ချတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးနဲ့ပူးပေါင်းပြီးတော့ Lockdown ချတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာတော့ Positive လူနာနဲ့ထိတွေ့တဲ့မိသားစုဝင်တွေနေတဲ့နေရာတွေကို အဓိက Lockdown ချတာပေါ့”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့အထိ  ရပ်ကွက် (၆) ရပ်ကွက်ရှိ နေအိမ် (၁၂) လုံး၊ ဟိုတယ် (၂) လုံး၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ (၁၃၈) ရွာကို Lockdown ချထားရသည်။
အများပြည်သူအနေဖြင့် စားဝတ်နေရေးအခက်အခဲမဖြစ်စေရေးအတွက် အတည်ပြုလူနာတွေ့ရှိသည့်နေရာဝန်းကျင်နှင့် ကူးစက်နိုင်ချေအပေါ်သုံးသပ်ကာ အပိုင်းလိုက် lockdown လုပ်ခြင်းကို စီစဉ်ပေးနေပြီး lockdown လုပ်ထားသည့်နေအိမ်များ၌ စားနပ်ရိက္ခာပံ့ပိုးရေးကို ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း၊ နေကိုအောင်၊ ခင်နှင်းကြူ၊   ประพจน์ เขมภัตร


 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~