တာခ်ီလိတ္တြင္ သက္တမ္းလြန္ႏွင့္ မွတ္ပံုမတင္ေဆးဝါးမ်ား ေရာင္းသည့္ဆုိင္မ်ားကို သတိေပးထားၿပီး ထပ္မံေတြ႕ရိွပါက ေထာင္ဒဏ္ (၇)ႏွစ္အထိက်ခံရႏုိင္သည့္ ေဆးဝါးဥပေဒျဖင့္ အေရးယူမည္

တာခ်ီလိတ္တြင္ သက္တမ္းလြန္ႏွင့္ မွတ္ပံုမတင္ေဆးဝါးမ်ား ေရာင္းသည့္ဆုိင္မ်ားကို သတိေပးထားၿပီး ထပ္မံေတြ႕ရိွပါက ေထာင္ဒဏ္ (၇)ႏွစ္အထိက်ခံရႏုိင္သည့္ ေဆးဝါးဥပေဒျဖင့္ အေရးယူမည္
သြဂုတ် 22, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္း ေဆးဆိုင္မ်ားကို FDA ႏွင့္ စားသံုးသူေရးရာဦးစီးဌာနတုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္စစ္ေဆးေနရာ သက္တမ္းလြန္ေဆးဝါးမ်ားႏွင့္ FDA မွတ္ပံုမတင္သည့္ ေဆးဝါးမ်ားစစ္ေဆးေတြ႔ရိွရသည့္ဆုိင္မ်ားကို ေနာက္ဆံုးအႀကိမ္အျဖစ္ ခံဝန္ကတိ လက္မွတ္ေရးထိုး ခုိင္းထားေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔က ေဆးဆုိင္ (၁၄)ဆုိင္တြင္ သြားေရာက္စစ္ေဆးရာ ဆုိင္ (၇)ဆုိင္တြင္ သက္တမ္းလြန္ႏွင့္ မွတ္ပံုမတင္သည့္ေဆးဝါးမ်ား စစ္ေဆးေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

" အဓိကက တရားဝင္ မွတ္ပံုတင္မထားတဲ့ေဆးေတြ၊ ရက္လြန္ေဆးဝါးေတြကို စစ္တာေပါ့။ ဆိုင္ (၇) ဆိုင္မွာ တရားဝင္ မွတ္ပံုတင္မထားတဲ့ေဆးေတြေတြ႕ခဲ့လို႔ ခံဝန္ကတိထိုးခိုင္းခဲ့တယ္။ အမ်ားစုက ပဋိဇီဝေဆးေတြ၊ ယိုးဒယားဘက္က ထုတ္တဲ့ေဆး ေတာ္ေတာ္မ်ားမ်ားေပါ့။ အခုက ခံဝန္ကတိထိုးခိုင္းလိုက္တာေပါ့။ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ အမ်ိဳးသားေဆးဝါးဥပေဒနဲ႔ အေရးယူသြားမွာပါ" ဟု တာခ်ီလိတ္ခရိုင္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ဒုႀကီးၾကပ္ေရးမွဴး(ေဆးဝါး)မွ ေဒၚသိဂီၤထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခံဝန္ကတိေရးထိုးထားရသည့္ ေဆးဆုိင္အမည္မ်ားကို လက္ရိွတြင္ အမ်ားျပည္သူသို႔ ထုတ္ျပန္ေပးမည္ မဟုတ္ဘဲ ထပ္မံစစ္ေဆးေတြ႔ရိွ၍ အေရးယူရပါက ထုတ္ျပန္ေပးသြားမည္ဟု FDA တာဝန္ရိွသူက ဆိုသည္။

“ဆုိင္အမည္ေတြကိုေတာ့ အခု မထုတ္ျပန္ပါဘူး။ ဒါက ကၽြန္မတို႔ဌာနရဲ႕ ေဆးေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္အရပါ။ ေဆးဆုိင္ေတြကို စစ္တယ္။ စစ္ေဆးေတြ႔ရိွရတဲ့ဆုိင္ေတြကို ခံဝန္ကတိထုိးခုိင္းတယ္။ မထုတ္ျပန္ေသးဘူး။ ေနာက္တစ္ခါက်ရင္ေတာ့ ဥပေဒအရ အေရးယူတယ္ဆိုရင္ေတာ့ သိသြားၾကမွာပါ။ အရင္ကလည္း ဒီမွာ ခံဝန္ကတိထိုးခဲ့ရဖူးတဲ့ ဆုိင္ေတြရိွတယ္လုိ႔လည္း သိရတယ္။ ကၽြန္မတို႔ စစ္ေဆးတဲ့အႀကိမ္မွာေတာ့ ဒါက ပထမဆံုးအႀကိမ္ ခံဝန္ကတိထိုးခုိင္းရတာပါ။ အဲဒီက်ေတာ့ အခုပဲ တခါထဲတန္းၿပီး အေရးယူလို႔ မရပါဘူး။ အခု ခံဝန္ကတိ လက္မွတ္ထိုးထားတဲ့ဆုိင္ေတြကို ရံုးမွာ မွတ္တမ္းတင္ထားပါတယ္။ ေဆးဝါးဥပေဒအရ ျပစ္ဒဏ္က ဒဏ္ေငြဆုိရင္ ငါးေသာင္းကေန ငါးသိန္းအထိ၊ ေထာင္ဒဏ္ဆိုရင္ တစ္ႏွစ္ကေန ခုႏွစ္ႏွစ္အထိ ခ်မွတ္ႏုိင္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ဒုႀကီးၾကပ္ေရးမွဴး(ေဆးဝါး)မွ ေဒၚသိဂီၤထြန္းက ေျပာသည္။

တာခ်ီလိတ္ခရိုင္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)၊ စားသံုးသူေရးရာဦးစီးဌာန၊ ခရိုင္က်န္းမာေရးဦးစီးဌာန၊ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနတို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ တာခ်ီလိတ္ၿမိဳ႕တြင္းရိွ ေစ်းမ်ားမွ ကုန္စံုဆုိင္၊ အလွကုန္ဆိုင္၊ ေဆးမ်ိဳးစံုဆိုင္မွားႏွင့္ ေက်ာင္းမုန္႔ေစ်းတန္းကို စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနျခင္း ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်တွင် သက်တမ်းလွန်နှင့် မှတ်ပုံမတင်ဆေးဝါးများ ရောင်းသည့်ဆိုင်များကို သတိပေးထားပြီး ထပ်မံတွေ့ရှိပါက ထောင်ဒဏ် (၇)နှစ်အထိကျခံရနိုင်သည့် ဆေးဝါးဥပဒေဖြင့် အရေးယူမည်
*************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ဆေးဆိုင်များကို FDA နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးနေရာ သက်တမ်းလွန်ဆေးဝါးများနှင့် FDA မှတ်ပုံမတင်သည့် ဆေးဝါးများစစ်ဆေးတွေ့ရှိရသည့်ဆိုင်များကို နောက်ဆုံးအကြိမ်အဖြစ် ခံဝန်ကတိ လက်မှတ်ရေးထိုး ခိုင်းထားကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့က ဆေးဆိုင် (၁၄)ဆိုင်တွင် သွားရောက်စစ်ဆေးရာ ဆိုင် (၇)ဆိုင်တွင် သက်တမ်းလွန်နှင့် မှတ်ပုံမတင်သည့်ဆေးဝါးများ စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

" အဓိကက တရားဝင် မှတ်ပုံတင်မထားတဲ့ဆေးတွေ၊ ရက်လွန်ဆေးဝါးတွေကို စစ်တာပေါ့။ ဆိုင် (၇) ဆိုင်မှာ တရားဝင် မှတ်ပုံတင်မထားတဲ့ဆေးတွေတွေ့ခဲ့လို့ ခံဝန်ကတိထိုးခိုင်းခဲ့တယ်။ အများစုက ပဋိဇီဝဆေးတွေ၊ ယိုးဒယားဘက်က ထုတ်တဲ့ဆေး တော်တော်များများပေါ့။ အခုက ခံဝန်ကတိထိုးခိုင်းလိုက်တာပေါ့။ နောက်တစ်ကြိမ်ဆိုရင်တော့ အမျိုးသားဆေးဝါးဥပဒေနဲ့ အရေးယူသွားမှာပါ" ဟု တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဒုကြီးကြပ်ရေးမှူး(ဆေးဝါး)မှ ဒေါ်သိဂီၤထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခံဝန်ကတိရေးထိုးထားရသည့် ဆေးဆိုင်အမည်များကို လက်ရှိတွင် အများပြည်သူသို့ ထုတ်ပြန်ပေးမည် မဟုတ်ဘဲ ထပ်မံစစ်ဆေးတွေ့ရှိ၍ အရေးယူရပါက ထုတ်ပြန်ပေးသွားမည်ဟု FDA တာဝန်ရှိသူက ဆိုသည်။

“ဆိုင်အမည်တွေကိုတော့ အခု မထုတ်ပြန်ပါဘူး။ ဒါက ကျွန်မတို့ဌာနရဲ့ ဆေးကော်မတီရဲ့ ဆုံးဖြတ်ချက်အရပါ။ ဆေးဆိုင်တွေကို စစ်တယ်။ စစ်ဆေးတွေ့ရှိရတဲ့ဆိုင်တွေကို ခံဝန်ကတိထိုးခိုင်းတယ်။ မထုတ်ပြန်သေးဘူး။ နောက်တစ်ခါကျရင်တော့ ဥပဒေအရ အရေးယူတယ်ဆိုရင်တော့ သိသွားကြမှာပါ။ အရင်ကလည်း ဒီမှာ ခံဝန်ကတိထိုးခဲ့ရဖူးတဲ့ ဆိုင်တွေရှိတယ်လို့လည်း သိရတယ်။ ကျွန်မတို့ စစ်ဆေးတဲ့အကြိမ်မှာတော့ ဒါက ပထမဆုံးအကြိမ် ခံဝန်ကတိထိုးခိုင်းရတာပါ။ အဲဒီကျတော့ အခုပဲ တခါထဲတန်းပြီး အရေးယူလို့ မရပါဘူး။ အခု ခံဝန်ကတိ လက်မှတ်ထိုးထားတဲ့ဆိုင်တွေကို ရုံးမှာ မှတ်တမ်းတင်ထားပါတယ်။ ဆေးဝါးဥပဒေအရ ပြစ်ဒဏ်က ဒဏ်ငွေဆိုရင် ငါးသောင်းကနေ ငါးသိန်းအထိ၊ ထောင်ဒဏ်ဆိုရင် တစ်နှစ်ကနေ ခုနှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်”ဟု တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဒုကြီးကြပ်ရေးမှူး(ဆေးဝါး)မှ ဒေါ်သိဂီၤထွန်းက ပြောသည်။

တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တာချီလိတ်မြို့တွင်းရှိ ဈေးများမှ ကုန်စုံဆိုင်၊ အလှကုန်ဆိုင်၊ ဆေးမျိုးစုံဆိုင်မှားနှင့် ကျောင်းမုန့်ဈေးတန်းကို စစ်ဆေးမှုများလုပ်ဆောင်နေခြင်း ဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net