လာအိုနိုင်ငံက တာချီလိတ်ကနေ ကျွဲ နွား အကောင်ရေ တစ်သိန်းခွဲ တင်သွင်းပေးရန် ကမ်းလှမ်း

လာအိုနိုင်ငံက တာချီလိတ်ကနေ ကျွဲ နွား အကောင်ရေ တစ်သိန်းခွဲ တင်သွင်းပေးရန် ကမ်းလှမ်း
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

လာအိုနိုင်ငံက တာချီလိတ်ကနေ ကျွဲ နွား အကောင်ရေ တစ်သိန်းခွဲ တင်သွင်းပေးရန် ကမ်းလှမ်း

တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကနေ တဆင့် ကျွဲ၊ နွားအကောင်ရေ တစ်သိန်းခွဲ တင်သွင်းဖို့  လာအိုနိုင်ငံက ကမ်းလှမ်းလာတဲ့အတွက် တင်ပို့မယ့် ကုမ္ပဏီတွေကို မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက စည်းကမ်းချက်တွေနဲ့အညီ ဝယ်ယူစုဆောင်းခွင့်ပြုထားကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဖြစ်သူ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

လက်ရှိ တိရစ္ဆာန်စစ်ဆေးရေးစခန်းက ကျိုင်းတုံမှာရှိနေပြီး မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့ကနေ တင်ပို့မှုတွေများလာရင် စစ်ဆေးရေးစခန်းတစ်ခုကို အနီးဆုံးနေရာမှာထားရှိနိုင်ကြောင်း တာချီလိတ်ခရိုင် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင်ကိုကိုက ပြောပါတယ်။

ကျိုင်းလပ်မြို့ကနေ လာအိုနိုင်ငံကိုဖြတ်သန်းပြီး တရုတ်ကိုတင်ပို့နေရာမှာ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့အတွက် လာအိုနိုင်ငံက ဝယ်ယူတာဖြစ်ကြောင်း ဦးဝင်းလွင်က ပြောပါတယ်။

တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)မှာ ကုန်သွယ်မှုမြှင့်တင်မှုအစည်းအဝေးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က ကျင်းပခဲ့ပြီး ဌာနဆိုင်ရာတွေနဲ့ တာချီလိတ်မြို့က ကုန်သည်တွေ တွေ့ဆုံပြီး လာအိုနဲ့ ထိုင်းနိုင်ငံကို ကုန်စည်တွေ တရားဝင်တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်
Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~