တာချီလိတ်တွင် ကျည်ဆံ(၅)တောင့် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသားကို ပြည်နှင်

တာချီလိတ်တွင် ကျည်ဆံ(၅)တောင့် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသားကို ပြည်နှင်
ဇန်နဝါရီ 24, 2020
By Tachileik News Agency
 
တာချီလိတ်တွင် ကျည်ဆံ(၅)တောင့် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသားကို ပြည်နှင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊  တာချီလိတ်မြို့တွင် လက်နက်ခဲယမ်းအချို့နှင့် ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသားတစ်ဦး ပြစ်ဒဏ်စေ့ပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲတွင် ထိုင်းနိုင်ငံဘက်သို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။

ထိုင်းနိုင်ငံသား Then Thai (ခ) အိုက်ထိုင် (ခ) ကိတ်သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ကမြန်မာနိုင်ငံသား (၄) ဦးနှင့်အတူ မော်တော်ယာဉ်တစ်စီးဖြင့် တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ မိုင်းယွန်းဆီပန့် အနီးသို့ ရောက်ရှိလာစဉ် ပူးပေါင်းအဖွဲ့မှ ရပ်တန့် စစ်ဆေးရှာဖွေရာက ၎င်းထံမှ ပွိုင့် ၂၂ ကျည် (၅) တောင့်  စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)၊ ၁၃(၁)အရလည်းကောင်း၊ ရှမ်းလက်နက်ဥပဒေပုဒ်မ ၁၂(၈)အရလည်းကောင်း ပြစ်ဒဏ်ငွေဒဏ်ကျခံပြီးဖြစ်၍ ပြည်နှင်အဖွဲ့က မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှနေ၍ ပြည်နှင်လိုက်ခြင်းဖြစ်သည်။

ကျန်မြန်မာနိုင်ငံသား (၄)ဦးကိုလည်း ရှမ်းလက်နက်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတို့ဖြင့် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~