မိုင်းဆတ်ခရိုင်အတွင်းထဲက ပုံပါကျင်မြို့တွင် Covid-19 ကူးစက်ခံရသူ (၆)ဦး တွေ့ရှိ

မိုင်းဆတ်ခရိုင်အတွင်းထဲက ပုံပါကျင်မြို့တွင် Covid-19 ကူးစက်ခံရသူ (၆)ဦး တွေ့ရှိ
ဇူလိုင် 27, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းထဲက ပုံပါကျင်မြို့တွင် ယနေ့ ဇူလိုင်လ(၂၇)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၆)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

Covid-19 ကူးစက်ခံထားရသူနှင့် ထိတွေ့မှုရှိသူ (၃၇)ဦးအား ယနေ့ ဇူလိုင်(၂၇)ရက်နေ့ နေ့လည်(၁)နာရီအချိန်က စစ်ဆေးရာမှ အသက်(၁၂)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသား (၅)ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ခြင်း ဖြစ်ကြောင်း သိရသည်။

Covid-19 ပိုးတွေ့ရှိရသူများကို ပုံပါကျင်တိုက်နယ်ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံပါကျင်မြို့တွင် ဇူလိုင်လ(၂၂)ရက်နေ့က အမျိုးသား(၄)ဦးနှင့် အမျိုးသမီး (၂)ဦးတွေ့ရှိခဲ့ပြီး ယနေ့ (၆)ဦး ထပ်မံတွေ့ရှိရာမှ ယနေ့ ဇူလိုင်လ(၂၇)ရက်နေ့ ညနေပိုင်းအထိ စုစုပေါင်း (၁၈)ဦးအထိ ရှိထားကြောင်း သိရသည်။