တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း အသွားအလာကန့်သတ်ထားသည့် နေအိမ်မှသားအမိ(၂)ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း အသွားအလာကန့်သတ်ထားသည့် နေအိမ်မှသားအမိ(၂)ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 6, 2020
By Tachileik News Agency

 

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း အသွားအလာကန့်သတ်ထားသည့် နေအိမ်မှသားအမိ(၂)ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်နယ်မြေအတွင်း အသွားအလာကန့်သတ်ထားသည့် နေအိမ်မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်က သားအမိနှစ်ဦးတွင် COVID-19 ပိုး စစ်ဆေးတွေ့ရှိသည်။
စစ်ဆေးတွေ့ရှိရသည့် COVID-19 အတည်ပြုလူနာ (၂) ဦးမှာ သားအမိတော်စပ်ပြီး သမီးငယ်မှာ အသက် (၃) နှစ်ခွဲသာ ရှိသေးကြောင်း သိရသည်။
အဆိုပါ နေအိမ်ကို ဒီဇင်ဘာလ (၄) ရက်နေ့က အသွားအလာကန့်သတ်ခဲ့ပြီး ညနေပိုင်း၌ ပိုးသတ်ဆေးများကို ဆေခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဖျန်းပေးခဲ့သည်။

အတည်ပြုလူနာနှင့် ထိတွေခဲ့သူ (၇) ဦးကို ယနေ့ စစ်ဆေးရာမှ (၂) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခြင်း ဖြစ်သည်။

တာချီလိတ်မြို့အတွင်း ဒီဇင်ဘာလ (၆) ရက်နေ့ နေလည် (၁၂) နာရီအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း (၇၂) ဦးအထိရှိနေပြီး ဒီဇင်ဘာ (၅) ရက်နေ့အထိ (၃) ဦးမှာဆေးရုံမှဆင်းခွင့်ရရှိသွားသဖြင့် (၇၉) ဦးကို ဆေးကုသပေးနေသည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~