ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ ဇန်နဝါရီလ (၂၇)ရက်နေ့က စ၍ (၁၀)ရက်အတွင်း ကူးစက်ခံရသူ (၂၀,၀၀၀)ကျော် မြှင့်တက်ကာ သေဆုံးသူမှာလည်း (၄၀၀)ကျော် တိုးလာ

ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ ဇန်နဝါရီလ (၂၇)ရက်နေ့က စ၍ (၁၀)ရက်အတွင်း ကူးစက်ခံရသူ (၂၀,၀၀၀)ကျော် မြှင့်တက်ကာ သေဆုံးသူမှာလည်း (၄၀၀)ကျော် တိုးလာ
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ ဇန်နဝါရီလ(၂၇)ရက်နေ့က စ၍ (၁၀)ရက်အတွင်း ကူးစက်ခံရသူ (၂၀,၀၀၀)ကျော်  မြှင့်တက်ကာ သေဆုံးသူမှာလည်း (၄၀၀)ကျော် တိုးလာ 

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ခံရသူစုစုပေါင်း (၂၄,၅၃၆)ဦးရှိလာပြီး သက်သာပျောက်ကင်းကာ ဆင်းရုံဆင်းသွားကြသူများမှာ (၉၁၁)ဦး ရှိသော်လည်း သေဆုံးသူ အရေအတွက်မှာ (၄၉၂)ဦးရှိလာ၍ မြှင့်တက်လာဆဲ ဖြစ်သည်။

ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးမှာ တရုတ်နိုင်ငံအတွင်းက ဖြစ်ပြီး သေဆုံးသူမှာလည်း တရုတ်နိုင်ငံအတွင်းက ဖြစ်သည်။

ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့က တရုတ်အပါအဝင် နိုင်ငံပေါင်း (၁၄)နိုင်ငံတွင် ရောဂါကူးစက်ခံရသူ (၂၈၁၆)ဦး နှင့် သေဆုံး(၈၁)ဦးသာ ရှိနေရာမှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့အထိ (၁၀)ရက်အတွင်း ကူးစက်ခံရသူ  (၂၀,၆၀၆)ဦးရှိပြီး သေဆုံးသူမှာ (၄၂၇)ဦးအထိ ရှိလာသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency
Ref; SCMP

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~