တရုတ်နိုင်ငံတွင် စအိုကိုနှိုက်ပြီး ကိုဗစ်အတွက် ဓါတ်ခွဲနမူနာရယူသည့်နည်း စမ်းသပ်အသုံးပြု

ဓါတ်ပုံ - AFP/NOEL CELIS
ဓါတ်ပုံ - AFP/NOEL CELIS
တရုတ်နိုင်ငံတွင် စအိုကိုနှိုက်ပြီး ကိုဗစ်အတွက် ဓါတ်ခွဲနမူနာရယူသည့်နည်း စမ်းသပ်အသုံးပြု
ဇန်နဝါရီ 27, 2021 | နိုင်ငံတကာသတင်း

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းကို အာခေါင်တို့ဖတ် စစ်ဆေးခြင်းအစား ဓာတ်ခွဲအဖြေ ပိုမိုတိကျစွာသိနိုင်သည့် စအိုမှ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းနည်းလမ်းကို စတင်အသုံးပြုနေပြီဟု တရုတ်အစိုးရသတင်းဌာနမှ ဖေါ်ပြထားကြောင်း သိရသည်။



ဘေဂျင်းတွင် လွန်ခဲ့သည့်တစ်ပတ်က အတည်ပြုလူနာ၏ အိမ်နီးချင်းများအား အဆိုပါနည်းလမ်းဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။



တရုတ်နိုင်ငံမြောက်ပိုင်းဒေသရှိ မြို့ငယ်အများအပြားတွင် ကိုဗစ်ဖြစ်ပွားမှုကြောင့် လူအများအပြားကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းလုပ်ဆောင်ရာတွင် အများစုက အာခေါင်နှင့် နှာခေါင်းမှ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်သော်လည်း စအိုမှ ဓာတ်ခွဲရယူစစ်ဆေးခြင်းမှာ ဓာတ်ခွဲအဖြေပို၍ တိကျသည်ဟု ဆရာဝန်များက ဆိုသည်။



စအိုမှ ဓာတ်ခွဲစစ်ဆေးသည်ဆိုသည့်သတင်းကြောင့် ကိုဗစ်စစ်ဆေးရမည်ကို စိုးရိမ်မှုများလည်းရှိနေပြီး အဆိုပါ ဓါတ်ခွဲစစ်ဆေးမှုစနစ်မှာ လက်တွေ့တွင် တွင်တွင်ကျယ်ကျယ်အသုံးပြုရန် အခက်အခဲရှိမည်ဖြစ်၍ အသုံးပြုနိုင်ဖွယ်မရှိဟုလည်း ခန့်မှန်းထားသည်။



တရုတ်နိုင်ငံတွင် နှစ်သစ်ကူးကာလအတွင်း ကိုဗစ်ပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်ဖြစ်ပွားမှုမြင့်တက်သည့်ဒေသများမှ လာရောက်သူများအား ကန့်သတ်ခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency

Source: CNA

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။