ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိစေရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိစေရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင်                                ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိစေရေးအတွက် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မယ်ဆိုင်ဘက်က လမ်းလျှောက် ဝင်ရောက်လာသူများနှင့် ကား/ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် စစ်ဆေးနေသည်ကို တွေ့ရသည်။

ကိုရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ခုနှစ်  ဖေဖော်ဝါရီလ (4)ရက်နေ့ ဒေသစံတော်ချိန်  နေ့လည် (၁၁)နာရီခွဲအထိ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့တွင် ကူးစက်ခံရသူ စုစုပေါင်း (20,606)ဦး ရှိပြီး ကုသပျောက်ကင်းသူမှာ (၆၅၇)ဦးကြောင်း နှင့် သေဆုံးသူ (၄၂၇)ဦးရှိလာ ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~