တတိယအႀကိမ္ေျမာက္ လြတ္ေပးသည့္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္အက်ဥ္းေထာင္မွ (၆၁)ဦး ပါ၀င္

တတိယအႀကိမ္ေျမာက္ လြတ္ေပးသည့္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္အက်ဥ္းေထာင္မွ (၆၁)ဦး ပါ၀င္
မေ 7, 2019
By Tachileik News Agency

၂၀၁၉ခုႏွစ္အတြင္း ႏိုင္ငံေတာ္သမၼတ၏ တတိယအႀကိမ္ေျမာက္ လြတ္ၿငိမ္းသက္သာခြင့္အျဖစ္ အက်ဥ္းသားမ်ားအား  တစ္ႏိုင္ငံလံုးအေနျဖင့္ (၆,၅၂၀)ဦး လႊတ္ေပးရာတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား (၆၁)ဦး ပါ၀င္ေၾကာင္း သိရသည္။

မိုင္းဆတ္အက်ဥ္းေထာင္မွ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးမ်ားဆိုင္ရာဥပေဒပုဒ္မ၊ ၁၅ ျဖင့္ ျပစ္ဒဏ္က်ခံေနရသူမ်ားကိုသာ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္းျဖစ္ၿပီး ခိုးဆိုးလုႏိႈက္ျပစ္ဒဏ္သမားမ်ား ပါ၀င္ျခင္း မရိွေၾကာင္း ႏွင့္ လြတ္ေျမာက္လာရာတြင္ အက်ဥ္းသား(၄၄)ဦး ႏွင့္ အက်ဥ္းသူ(၁၇)ဦး ပါ၀င္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္က မူးယစ္ေဆး၀ါးသုံးစဲြမႈနဲ႔ ျပစ္ဒဏ္(၈)ႏွစ္က်ပါတယ္၊ အခုေထာင္ထဲမွာ (၁)ႏွစ္နဲ႔(၆)လေလာက္ ဘဲ ေနခဲ့ရၿပီး ႏိုင္ငံေတာ္သမၼတရဲ႕ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔လြတ္သြားတယ္ဆိုေတာ့ အရမ္း၀မ္းသာတယ္၊ ကၽြန္ေတာ့ မိန္းမနဲ႔ သားေလးကို အရမ္းကိုေတြ႔ခ်င္တယ္”ဟု တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္ေန အသက္(၂၂)ႏွစ္ အရြယ္ရိွ  အိုက္ခမ္းက ေျပာသည္။

တတိယအႀကိမ္တြင္ ပစ္ဒဏ္လြတ္ေျမာက္လာသူ(၆၁)ဦးအား မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က အားေပးစကားေျပာ ၾကားၿပီး ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အလွဴရွင္တစ္ဦးတို႔က ေငြက်ပ္(၁၆၀,၀၀၀)ကိုလည္းေကာင္း၊  မိုင္းဆတ္အက်ဥ္းေထာင္မွ ဦးစီးအရာရိွ ဦးျမင့္ေဌးႏွင့္၀န္ထမ္းမ်ားက  ေငြက်ပ္(၁၆၀,၀၀၀)ကိုလည္းေကာင္း၊ ႏိုင္ငံေတာ္မွ ေထာက္ပံ့ ေငြက်ပ္(၂)သိန္းက်ာ္ကိုလည္းေကာင္း ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္းႏွင့္ ေနရပ္ျပန္ႏိုင္ေရးစီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ၏ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ တတိယအႀကိမ္ေျမာက္ ျပစ္ဒဏ္ လြတ္ၿငိမ္းသက္သာခြင့္တြင္ မူးယစ္ေဆး၀ါးမႈျဖင့္ ျပစ္ဒဏ္က်ခံရသည့္ သရုပ္ေဆာင္ မိုးေအာင္ရင္ ႏွင့္ အစိုးရလွ်ဳိ႕၀ွက္ခ်က္ဥပေဒျဖင့္ျပစ္ဒဏ္က်ခံရသည့္  ရိုက္တာသတင္းေထာက္ႏွစ္ဦးျဖစ္သည့္ ကိုဝလံုးႏွင့္ ကိုေက်ာ္စိုးဦးတို႔လည္း ပါဝင္လာေၾကာင္းႏွင့္  ယခုႏွစ္ လြတ္ၿငိမ္းသက္သာခြင့္၏ (၃)ႀကိမ္စုစုေပါင္းတြင္ အက်ဥ္းသား(၂၃,၀၁၉)ဦး လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၉ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်အဖြစ် အကျဉ်းသားများအား တစ်နိုင်ငံလုံးအနဖြေင့် (၆,၅၂၀)ဦး လွှတ်ပေးရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား (၆၁)ဦး ပါဝင်ကြောင်း သိရသည်။

မိုင်းဆတ်အကျဉ်းထောင်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊ ၁၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများကိုသာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပြီး ခိုးဆိုးလုနှိုက်ပြစ်ဒဏ်သမားများ ပါဝင်ခြင်း မရှိကြောင်း နှင့် လွတ်မြောက်လာရာတွင် အကျဉ်းသား(၄၄)ဦး နှင့် အကျဉ်းသူ(၁၇)ဦး ပါဝင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပြစ်ဒဏ်(၈)နှစ်ကျပါတယ်၊ အခုထောင်ထဲမှာ (၁)နှစ်နဲ့(၆)လလောက် ဘဲ နေခဲ့ရပြီး နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်သွားတယ်ဆိုတော့ အရမ်းဝမ်းသာတယ်၊ ကျွန်တော့ မိန်းမနဲ့ သားလေးကို အရမ်းကိုတွေ့ချင်တယ်”ဟု တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်နေ အသက်(၂၂)နှစ် အရွယ်ရှိ အိုက်ခမ်းက ပြောသည်။

တတိယအကြိမ်တွင် ပစ်ဒဏ်လွတ်မြောက်လာသူ(၆၁)ဦးအား မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အားပေးစကားပြော ကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အလှူရှင်တစ်ဦးတို့က ငွေကျပ်(၁၆၀,ဝဝဝ)ကိုလည်းကောင်း၊ မိုင်းဆတ်အကျဉ်းထောင်မှ ဦးစီးအရာရှိ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများက ငွေကျပ်(၁၆၀,ဝဝဝ)ကိုလည်းကောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ ငွေကျပ်(၂)သိန်းကျာ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် နေရပ်ပြန်နိုင်ရေးစီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် တတိယအကြိမ်မြောက် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်တွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံရသည့် သရုပ်ဆောင် မိုးအောင်ရင် နှင့် အစိုးရလျှို့ဝှက်ချက်ဥပဒဖြေင့်ပြစ်ဒဏ်ကျခံရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့လည်း ပါဝင်လာကြောင်းနှင့် ယခုနှစ် လွတ်ငြိမ်းသက်သာခွင့်၏ (၃)ကြိမ်စုစုပေါင်းတွင် အကျဉ်းသား(၂၃,ဝ၁၉)ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net