တာချီလိတ် - ဝမ်ပုံသွား ကားလမ်းပေါ်တွင် (၁၂)ဘီးကား မီးလောင်မှုဖြစ်ပွား

Photo: MFSD
Photo: MFSD
 တာချီလိတ် - ဝမ်ပုံသွား ကားလမ်းပေါ်တွင် (၁၂)ဘီးကား မီးလောင်မှုဖြစ်ပွား
ဖေဖော်ဝါရီ 25, 2022 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုကျေးရွာအနီး  တာချီလိတ် - ဝမ်ပုံသွား ကားလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

သံဖရိန်၊ ဘိလပ်မြေဖျော်အိုး နှင့် ကော်ဇောလိပ်များ တင်ဆောင်လာသည့် Nissan အမျိုးအစား (၁၂)ဘီးကားသည် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်း(၆)နာရီဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွား နံနက်(၆၀)နာရီ မိနစ်(၄၀)ဝန်းကျင်တွင် မီးငြိမ်းသည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့က ရေသယ်ယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းကိုတော့ မသိရသေးပါ။