မိုင်းဆတ်မြို့ စာစစ်ဌာနရုံးခန်းအတွင်းက ပျောက်ဆုံးသွားသည့် စာဖြေလွှာအလွတ်များကို ရေချောင်းအတွင်းမှ ပြန်လည်တွေ့ရှိမိုင်းဆတ်မြို့ စာစစ်ဌာနရုံးခန်းအတွင်းက ပျောက်ဆုံးသွားသည့် စာဖြေလွှာအလွတ်များကို ရေချောင်းအတွင်းမှ ပြန်လည်တွေ့ရှိ

မိုင်းဆတ်မြို့ စာစစ်ဌာနရုံးခန်းအတွင်းက ပျောက်ဆုံးသွားသည့် စာဖြေလွှာအလွတ်များကို ရေချောင်းအတွင်းမှ ပြန်လည်တွေ့ရှိမိုင်းဆတ်မြို့ စာစစ်ဌာနရုံးခန်းအတွင်းက ပျောက်ဆုံးသွားသည့် စာဖြေလွှာအလွတ်များကို ရေချောင်းအတွင်းမှ ပြန်လည်တွေ့ရှိ
ဧပြီ 4, 2020
By Tachileik News Agency
မိုင်းဆတ်မြို့ စာစစ်ဌာနရုံးခန်းအတွင်းက ပျောက်ဆုံးသွားသည့် စာဖြေလွှာအလွတ်များကို ရေချောင်းအတွင်းမှ  ပြန်လည်တွေ့ရှိ

မိုင်းဆတ်မြို့တွင် စာမေးပွဲကာလအတွင်းက ပျောက်ဆုံးသွားသည့် စာဖြေလွှာအလွတ်များကို ဧပြီလ(၃)ရက်နေ့က နမ့်ဆတ်ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထက (မိုင်းဆတ်) စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းအတွင်း ထားရှိသည့် စာဖြေလွှာအလွတ်များ နှင့် စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားများသည် စာမေးပွဲကာလ အတွင်းဖြစ်သည့် ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၃)ရက်နေ့ နံနက်(၁၁)နာရီကျော်တွင် ရေချောင်းအတွင်းမှ ပြန်လည်တွေ့ရှိရခြင်းဖြစ်သော်လည်း ပျက်စီးနေသည်ကို တွေ့ရသည်။

ကျွန်မတို့ လင်မယားနှစ်ယောက် နမ့်ဆတ်ချောင်းတစ်လျောက် ဟင်းစားရှာရင်း ရေချောင်းထဲမှာ သဲအိတ်တွေနဲ့ရောပြီး ရေတားသဘောမျိုးလုပ်ထားတဲ့  စာမေးပွဲအဖြေလွှာအလွတ်တွေထည့်ထားတဲ့ ပလပ်စတစ်အိတ်ကိုတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ

ဟု စာဖြေလွှာအလွတ်စာရွက်ထုပ်အား တွေ့ရှိသူ ကုန်းကုလားကျေးရွာနေ မအားနာက ပြောသည်။

စာမေးပွဲအဖြေလွှာအလွတ်များကို နမ့်ဆတ်ချောင်းအတွင်း  ပလပ်စတစ်အိတ်အတွင်းထည့်လျက် တစ်အိတ်နှင့် အချို့အား ချောင်းအတွင်း သဲများထည့်၍ ရေတားလုပ်ထားသည့် ဘိလပ်မြေအိတ်ခွံများ တွင်ထည့်ပြီး ရေတား သဘောမျိုးပြန်လည် ပြုလုပ်ထားသည်ကို တွေ့ရသည့်အပြင် အချို့ကို ဘိလပ်မြေအိတ်ခွံတွင်ထည့်၍ ရေထဲတွင် ငှက်ပျောတုံးများဖြင့် ဖိထားသည်ကိုလည်း တွေ့ရသည်။

ကျန်ရှိသည့် အချို့ကို ချောင်းဘေးတွင် မြေကျင်းတူးမြုပ်ထားသည်ကို တွေ့ရပြီး သံဖြတ်လွှအဝါအပိုင်းစနှစ်ခုနှင့် သံဖြတ်လွှဖြင့် ဖြတ်ထားသည့် သော့ပျက်တစ်လုံးတို့ကို လည်းတွေ့ရှိရသော်လည်း စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများနှင့် သံသေတ္တာတစ်လုံးတို့အား ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကာလ မတ် (၁၆)ရက် ဓာတုဗေဒ ဘာသာရပ်ဖြေဆိုမည့်နေ့တွင် အထက(မိုင်းဆတ်)စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းအတွင်း သိမ်းဆည်း ထားသော စာဖြေလွှာ အလွတ်စာအုပ်(၁၇၂၀)အုပ်၊ အပိုအဖြေလွှာစာရွက်(၁၀၉၃)ရွက်၊ စာမေးပွဲဖြေဆိုခွင့်  ကဒ်ပြား(၄၇၀)ကဒ်နှင့် သံသေတ္တာတစ်လုံးတို့မှာ အခန်းပြူတင်းတံခါးချက်များနှင့် ဗီဒိုသော့ပျက်ဆီးနေခြင်း မရှိဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~