တာချီလိတ်မြို့နယ်တွင်း မိုတယ် (၁)လုံး၊ နေအိမ် (၁၀)လုံးနှင့် ကျေးရွာ (၁၉၂)ရွာ အသွားအလာကန့်သတ်ထား

တာချီလိတ်မြို့နယ်တွင်း မိုတယ် (၁)လုံး၊ နေအိမ် (၁၀)လုံးနှင့် ကျေးရွာ (၁၉၂)ရွာ အသွားအလာကန့်သတ်ထား
ဒီဇင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်တွင်း မိုတယ် (၁)လုံး၊ နေအိမ် (၁၀)လုံးနှင့် ကျေးရွာ (၁၉၂)ရွာ အသွားအလာကန့်သတ်ထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် COVID 19 အတည်ပြုလူနာတွေ့ရသဖြင့် အသွားအလာကန့်သတ်ထားသည့် ဟိုတယ်နှင့်မိုတယ် (၃)လုံးအနက် ဟိုတယ်(၂)လုံးကို သတ်မှတ်ရက်ပြည့်ပြီဖြစ်၍ အသွားအလာ ကန့်သတ်မှုများကို ဖြေလျှော့လိုက်ပြီဖြစ်သော်လည်း ကျေးရွာများက မိမိအစီအစဉ်ဖြင့် အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း သိရသည်။
"ဟိုတယ်တွေထဲက ဆန်ဆိုင်းဟိုတယ်နဲ့ 1G1 ဟိုတယ်ကတော့ lock down ဖြေလိုက်ပြီ။ ဧရာဝဏ်မိုတယ်ကျန်တယ်။ ဟိုတယ်တာချီလိတ်ကတော့ သူတို့က နိုဝင်ဘာလ (၂၄) ကတည်းက ပိတ်ပါတယ်ဆိုလို့ lock down မလုပ်ထားဘူး။ ကျေးရွာတွေကတော့ သူတို့အစီအစဉ်နဲ့ ဆက်လုပ်ထားတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ပြောသည်။ 
တာချီလိတ်မြို့နယ်တွင် နိုဝင်ဘာလ (၂၅) ရက်နေ့က တွေ့ရသည့် အတည်ပြုလူနာအမျိုးသမီး အတည်ပြုလူနာမဖြစ်မီ (၁၀) ရက်အလိုက နောက်ဆုံးအလုပ်လုပ်ခဲ့သည့် 1G1 ဟိုတယ်နှင့် အတည်ပြုလူနာတွေ့ရသည့် ဆန်ဆိုင်း(က)ဟိုတယ်တို့ကို အသွားအလာကန့်သတ်ကာ ထိတွေ့သူများကိုလည်း စစ်ဆေးပြီး Negative ဖြစ်၍ အသွားအလာကန့်သတ်ခြင်းအား ဖြုတ်သိမ်းပေးခြင်းဖြစ်သည်။
ဒီဇင်ဘာလ (၁၀) ရက်နေ့က အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရသည့် ဧရာဝဏ်မိုတယ်တွင် နေထိုင်သည့်  ထိုင်းနိုင်ငံသူ(၂) ဦးမှာ Hotel Tachileik မှ ဝန်ထမ်းများဖြစ်သော်လည်း ၎င်းတို့ထံတွင် နိုဝင်ဘာလ (၂၄) ရက်နေ့အထိသာ အလုပ်လုပ်ကိုင်ခဲ့သူများဖြစ်သည်ဟု Hotel Tachileik ဘက်မှ ဆိုထားသဖြင့် ဧရာဝဏ်မိုတယ်ကို အသွားအလာ ကန့်သတ်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁၈) ရက်နေ့အထိ အသွားအလာကန့်သတ်ထားဆဲဖြစ်သည်။
ယင်းအပြင် တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒေသတွင်းကူးစက်မှုဖြစ်၍ ကျေးရွာများအလိုက် မိမိတို့အစီအစဉ်ဖြင့် အသွားအလာကန့်သတ်ခြင်းလုပ်ဆောင်နေသည့် ကျေးရွာ (၁၉၂) ရွာကလည်း မိမိတို့အစီအစဉ်ဖြင့် အသွားအလာကန့်သတ်ခြင်းအား ဒီဇင်ဘာလ (၁၈) ရက်နေ့အထိ ဆက်လက်လုပ်ဆောင်ထားသည့်အပြင် နေအိမ် (၁၀) လုံးကို အသွားအလာကန့်သတ်ထားကာ ထိတွေ့သူများအား စစ်ဆေးထားခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - မြို့နယ် ကြက်ခြေနီ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~