တာချီလိတ်ဆေးရုံတွင် ကုသရေးပိုင်း ကူညီပေးရန်အတွက် တပ်မတော်ဆေးအဖွဲ့ ရောက်ရှိ

တာချီလိတ်ဆေးရုံတွင် ကုသရေးပိုင်း ကူညီပေးရန်အတွက် တပ်မတော်ဆေးအဖွဲ့ ရောက်ရှိ
ဧပြီ 20, 2020
By Tachileik News Agency

 တာချီလိတ်ဆေးရုံတွင် ကုသရေးပိုင်း ကူညီပေးရန်အတွက် တပ်မတော်ဆေးအဖွဲ့ ရောက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဆရာဝန် (၁၀)ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို Quarantine အသွားအလာကန့်သတ်ထားစဉ် ဆေးရုံ၌ ကုသရေးလုပ်ငန်းများအတွက် တပ်မတော်မှ ဆရာဝန် (၆)ဦးနှင့် သူနာပြုအရာရှိ (၆)ဦးပါဝင်သည့်အဖွဲ့ဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ပေးနေပြီဖြစ်သည်။

ကျိုင်းတုံမြို့ရှိ အမှတ်(၃) ခုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံမှ အထွေထွေကုသမားတော် ဗိုလ်ကြီး မျိုးထက်အောင်၊ ခွဲစိတ်အထူးကု ဗိုလ်ကြီး ဝေတိုးသူအပါအဝင် ဆရာဝန် (၆)ဦးနှင့် သူနာပြုအရာရှိ (၆) ဦးဖြင့် ခရိုင်ပြည်သူ့ဆေးရုံ၏ ကုသရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို အတည်ပြုလူနာနှင့်ထိတွေ့မိ၍ အသွားအလာ ကန့်သတ်ထားပြီး ဓါတ်ခွဲနမူနာရယူစစ်ဆေးထားစဉ် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မန္တလေးမှ ခွဲစိတ်ဆရာဝန်နှင့် မေ့ဆေးဆရာဝန်၊ ကျိုင်းတုံဆေးရုံမှ သားဖွားမီးယပ်ဆရာဝန်တို့ကိုလည်း ယာယီ ပြောင်းရွှေ့တာဝန်ပေးထားပြီးဖြစ်သည်။

တပ်မတော်မှ လာရောက်ကူညီနေသည့် အဖွဲ့အား တာချီလိတ်ဆေးရုံတွင် လာရောက်၍ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မြသဟာဆေးရုံ(အဆွေတော်မိသားစု)က နေထိုင်စားသောက်ရေးအတွက် အဆွေတော်ဆေးခန်းနေရာတွင် တာဝန်ယူ စီစဉ်ပေးထားကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~