ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း ဇွန်လ(၈)ရက်နေ့ နေ့လည်ပိုင်းအထိ ငလျင် (၈)ကြိမ် လှုပ်ခတ်သွား

ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း ဇွန်လ(၈)ရက်နေ့ နေ့လည်ပိုင်းအထိ ငလျင် (၈)ကြိမ် လှုပ်ခတ်သွား
ဇွန် 8, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား ဇွန်လ(၈)ရက်နေ့ အကူးပိုင်းအချိန်ကစပြီး နေ့လည်(၁၂)နာရီကျော်အချိန်အထိ အသေးစား နှင့် အလတ်စား ငလျင် စုစုပေါင်း (၈)ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက ဖော်ပြထားရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း  ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား ယနေ့  ၂၀၂၂ခုနှစ် ဇွန်လ(၈)ရက်နေ့အကူး (၀၀)နာရီ​(၂)မိနစ် (၈)စက္ကန့်အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၂.၁)ရှိ အသေးစား ငလျင် လှုပ်ခတ်ခဲ့သလို နံနက် (၁)နာရီ​(၁၁)မိနစ်(၃၃)စက္ကန့်အချိန်ကလည်း ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၁.၉)ရှိ အသေးစားငလျင် လှုပ်ခတ်သွားခဲ့သည်။

အလားတူ နံနက်(၅)နာရီ​ (၄၃)မိနစ် စက္ကန့်(၃၀)အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၂.၂)ရှိ အသေးစား ငလျင်လှုပ်ခတ်သွားခဲ့သလို  နံနက် (၇)နာရီ​(၄၈)မိနစ် (၄၀)စက္ကန့်အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၂.၅)ရှိ အသေးစား ငလျင် လှုပ်ခတ်သွားခဲ့သည်။



ယင်းအပြင် နံနက်(၉)နာရီ (၅၆)မိနစ် (၂၉)စက္ကန့်အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၅.၀)ရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့ပြီးနောက်  နေ့လည် (၁၂)နာရီ ​(၉)မိနစ် (၄၈)စက္ကန့် အချိန်က ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၃.၀)ရှိ အသေးစား ငလျင် လှုပ်ခတ်သွားခဲ့ပြီး နေ့လည် (၁၂)နာရီ​(၁၉)မိနစ် (၁၉)စက္ကန့်အချိန်ကလည်း ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၄.၁)ရှိအဆင့်ရှိ ငလျင် ထပ်မံ လှုပ်ခတ်သွားသည်။

ယခု သတင်းရေးသားနေချိန်ဖြစ်သည့် နေ့လည် (၁)နာရီ (၁၃)မိနစ် (၄၃)စက္ကန့်အချိန်တွင် ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြားမှာပင် ရစ်ချ်တာ စကေး (၂.၉)အဆင့်ရှိ အသေးစား ငလျင်သည် ယနေ့ နေ့လည်အထိ (၈)ကြိမ်မြောက်အဖြစ် လှုပ်ခတ်သွားခဲ့သည်။

နေ့လည် (၁၂)နာရီကျော်အထိ လှုပ်ခတ်သွားသည့် ငလျင်အကြိမ်ပေါင်း (၇)ကြိမ် အနက် နံနက်(၉)နာရီ (၅၆)မိနစ် (၂၉)စက္ကန့်အချိန်က လှုပ်ခတ်သွားသည့် စ်ချ်စတာစကေး အဆင့်(၅.၀)ရှိ ငလျင်၏ လှုပ်ခတ်မှုကို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ နှင့် တာချီလိတ်မြို့တို့အထိ လှုပ်ခတ်သွားခဲ့သည်ဟု သိရသည်။