တာခ်ီလိတ္တြင္ မူးယစ္ေဆးေရာင္းခ်ေနသူတစ္ဦးကို စိတ္ၾကြေဆးျပား (၁၆၀၀)ေက်ာ္ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆးေရာင္းခ်ေနသူတစ္ဦးကို စိတ္ၾကြေဆးျပား (၁၆၀၀)ေက်ာ္ႏွင့္အတူ ဖမ္းမိ
ဧပြီ 29, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔ ေန႔လယ္ (၁၁)နာရီခြဲအခ်ိန္က စိတ္ၾကြေဆးျပား (၁၆၀၅)ျပားႏွင့္အတူ မူးယစ္ေဆးလုိက္လံေရာင္းခ်ေနသည့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ပုန္းထြန္ရပ္ကြက္၊ ေငြေစတီလမ္းႏွင့္ ဝမ္ေကာင္းၿမိဳ႕ပတ္လမ္းဆံုတြင္ ေစာင့္ဆုိင္းဖမ္းဆီးရာ ဝမ္ေကာင္းၿမိဳ႕ပတ္လမ္းဘက္မွ ေငြေစတီလမ္းဘက္သို႔ လမ္းေလွ်ာက္လာသည့္ အသက္ (၃၇)ႏွစ္အရြယ္ အားဖုကို မူးယစ္ေဆးမ်ားႏွင့္အတူ စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ စိတ္ၾကြေဆးျပားမ်ားကို ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း အားဖုက ထြက္ဆိုထားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၅/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် မူးယစ်ဆေးရောင်းချနေသူတစ်ဦးကို စိတ်ကြွဆေးပြား (၁၆၀၀)ကျော်နှင့်အတူ ဖမ်းမိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲအချိန်က စိတ်ကြွဆေးပြား (၁၆၀၅)ပြားနှင့်အတူ မူးယစ်ဆေးလိုက်လံရောင်းချနေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းနှင့် ဝမ်ကောင်းမြို့ပတ်လမ်းဆုံတွင် စောင့်ဆိုင်းဖမ်းဆီးရာ ဝမ်ကောင်းမြို့ပတ်လမ်းဘက်မှ ငွေစေတီလမ်းဘက်သို့ လမ်းလျှောက်လာသည့် အသက် (၃၇)နှစ်အရွယ် အားဖုကို မူးယစ်ဆေးများနှင့်အတူ စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများကို ရောင်းချနေခြင်းဖြစ်ကြောင်း အားဖုက ထွက်ဆိုထားသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net