တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ေမလ(၂၂)ရက္ေန႔တြင္ စီမံခ်က္ျဖင့္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးမည္

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ေမလ(၂၂)ရက္ေန႔တြင္ စီမံခ်က္ျဖင့္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးမည္
မေ 21, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ စီမံခ်က္ျဖင့္ ဆိုင္ကယ္ေမာင္း လုိင္စင္ထုတ္ေပးျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕တို႔က ၂၀၁၉ ခုႏွစ္၊ ေမလ (၂၂) ရက္ေန႔တြင္ ရွမ္းရိုးမကြင္းအတြင္း၌ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ ေမလ(၁၄) ရက္ေန႔က လုိင္စင္လုပ္ထားတဲ့သူေတြကို (၂၄) ရက္ေန႔မွာ ယာဥ္ထိန္းရဲရံုးအေနာက္က ေအာင္ေဇယ်ခန္းမမွာ ယာဥ္ေမာင္းလိုင္စင္ေတြထုတ္ေပးမွာေပါ့။ ကၽြန္ေတာ္တို႔  ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြ ေဟာေျပာပို႔ခ်ၿပီးေတာ့ ကတ္ထုတ္ေပးမွာေပါ့။ မနက္ (၉) နာရီမွာ စမွာေပါ့"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆိုင္ကယ္ေမာင္းလုိင္စင္မ်ားကို တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ၂၀၁၉ခုႏွစ္ ေမလ(၂၂)ရက္ေန႔ နံနက္ (၉) နာရီမွ ေန႔လယ္(၂) နာရီအထိ ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး ျပဳလုပ္လိုသူမ်ားအေနျဖင့္ မွတ္ပံုတင္မူရင္း၊ မိတၱဴတစ္ေစာင္၊ ပတ္စပို႔ဓာတ္ပံု (၃) ပံုျဖင့္ လူကိုယ္တိုင္လာေရာက္ေလွ်ာက္ထားႏိုင္ၿပီး (က-၁) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၁၉,၀၀၀)၊ (က) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၂၉,၀၀၀) က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းရိုးမကြင္းတြင္ စီမံခ်က္ျဖင့္ ေဆာင္ရြာေပးရာတြင္ ဆိုင္ကယ္ေမာင္းလိုင္စင္သာ ျပဳလုပ္ႏိုင္မည္ျဖစ္ၿပီး ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးျခင္းအား  ရံုးတြင္ လာေရာက္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းႏွင့္ ဆိုင္ကယ္လိုင္စင္မ်ားအား ရံုးဖြင့္ရက္မ်ား၌ တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးတြင္ လာေရာက္၍ ေန႔ခ်င္းအၿပီး ေဆာင္ရြက္ႏိုင္ေၾကာင္း ႏွင့္ ဆိုင္ကယ္လိုင္စင္ေဆာင္သည့္ သတ္မွတ္ႏႈန္းထားမ်ားကိုလည္း လာေရာက္ေလ့လာႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စီမံချက်ဖြင့် ဆိုင်ကယ်မောင်း လိုင်စင်ထုတ်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ရှမ်းရိုးမကွင်းအတွင်း၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က လိုင်စင်လုပ်ထားတဲ့သူတွေကို (၂၄) ရက်နေ့မှာ ယာဉ်ထိန်းရဲရုံးအနောက်က အောင်ဇေယျခန်းမမှာ ယာဉ်မောင်းလိုင်စင်တွေထုတ်ပေးမှာပေါ့။ ကျွန်တော်တို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ဟောပြောပို့ချပြီးတော့ ကတ်ထုတ်ပေးမှာပေါ့။ မနက် (၉) နာရီမှာ စမှာပေါ့"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ကယ်မောင်းလိုင်စင်များကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့ နံနက် (၉) နာရီမှ နေ့လယ်(၂) နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြုလုပ်လိုသူများအနဖြေင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပြီး (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် စီမံချက်ဖြင့် ဆောင်ရွာပေးရာတွင် ဆိုင်ကယ်မောင်းလိုင်စင်သာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းအား ရုံးတွင် လာရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆိုင်ကယ်လိုင်စင်များအား ရုံးဖွင့်ရက်များ၌ တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် လာရောက်၍ နေ့ချင်းအပြီး ဆောင်ရွက်နိုင်ကြောင်း နှင့် ဆိုင်ကယ်လိုင်စင်ဆောင်သည့် သတ်မှတ်နှုန်းထားများကိုလည်း လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net