မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ(တာချီလိတ်) အသင်းသားစုံညီ ညီလာခံတွင် အလုပ်အမှုဆောင်သစ်အဖွဲ့ အတည်ပြု

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ(တာချီလိတ်) အသင်းသားစုံညီ ညီလာခံတွင် အလုပ်အမှုဆောင်သစ်အဖွဲ့ အတည်ပြု
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ(တာချီလိတ်) အသင်းသားစုံညီ ညီလာခံတွင် အလုပ်အမှုဆောင်သစ်အဖွဲ့ အတည်ပြု

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင်  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ(တာချီလိတ်) ၏ အသင်းသားစုံညီ  ညီလာခံကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့ နေ့လည်ပိုင်းက Happy စားသောက်ဆိုင်တွင် ကျင်းပရာ ယခု နှစ်နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့သစ်ကို အတည်ပြုသည်။

အဆိုပါ ညီလာခံတွင်  နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်ခံရသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ (တာချီလိတ်ခရိုင်)၏ အလုပ်အမှုဆောင်အသစ်ကို အတည်ပြုပြီးနောက် ညီလာခံ တက်ရောက်လာသည့် တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်မှ အင်ဂျင်နီယာများက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ တာဝန်ရှိသူများထံ မေးမြန်းမှုများ ပြလုပ်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်ကို တွေ့ရသည်။

ညီလာခံသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်၊ ဒုတိယဥက္ကဌ ဦးကိုကိုကြီး၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုးမြင့်နှင့် တာချီလိတ်၊ မိုင်းဆတ်ခရိုင်အတွင်းမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲအဖွဲ့ဝင်များ တက်ရောက်ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲများကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်တို့တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မိုင်းဆတ်ခရိုင်မှ အင်ဂျင်နီယာများကို တာချီလိတ်ခရိုင်၌ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ (တာချီလိတ်ခရိုင်)၏ အလုပ်အမှုဆောင်အဖွဲ့သစ်တွင် စုစုပေါင်း အဖွဲ့ဝင် (၃၄)ဦး ပါဝင်ပြီး ဦးအေးချိုက ဥက္ကဌအဖြစ် တာဝန်ယူကာ နာယက (၈)ဦး၊ ဒုတိယဥက္ကဌ (၈)ဦး၊ အတွင်းရေးမှူး (၁)ဦး၊ တွဲဖက်အတွင်းရေးမှူး (၈)ဦး၊ ဘဏ္ဍာရေးမှူး (၁)ဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး (၁)ဦး၊ အကျိုးဆောင် စာရင်းစစ် (၁)ဦး၊ တွဲဖက်အကျိုးဆောင် စာရင်းစစ် (၂)ဦး၊ ပြန်ကြားရေးမှူး (၁)ဦးနှင့် တွဲဖက်ပြန်ကြားရေးမှူး (၁)ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(တာချီလိတ်)ကို  ၂၀၁၅ ခုနှစ်၊ မေလ (၁၆)ရက်နေ့၌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ (၈)ခုမြောက်အသင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~