တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ ေနအိမ္ပိုင္ရွင္ အမ်ဳိးသမီးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ ေနအိမ္ပိုင္ရွင္ အမ်ဳိးသမီးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ
မေ 19, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ေပၚ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ေနအိမ္တစ္အိတ္တြင္ ဘိန္းျဖဴ (၄၄၀)ဂရမ္ ဖမ္းဆီးရမိသျဖင့္ အိမ္ရွင္အမ်ိဳးသမီးကို အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀)တာခ်ီလိတ္ ႏွင့္သက္ဆုိင္ရာတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၁၈)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲဝန္းက်င္တြင္ မယ္ေခါင္ရပ္ကြက္ရိွ ေဘာက္နန္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴအေလးခ်ိန္ (၅)ဂရမ္ခန္႔စီပါသည့္  အေတာင့္ငယ္ (၈၈)ေတာင့္ အေလးခ်ိန္ (၄၄၀)ဂရမ္ခန္႕ႏွင့္ ၊ မူးယစ္ေဆးဝါးထည့္သည့္ ရာဘာအစြတ္ငယ္ (၅၀၀)ခုတို႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူေတြ႔ရသည့္ အသက္(၆၁)အရြယ္ ေဘာက္နန္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၆၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ၁၉(က)/၂၁ အရအမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ် မယ်ခေါင်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိတ်တွင် ဘိန်းဖြူ (၄၄၀)ဂရမ် ဖမ်းဆီးရမိသဖြင့် အိမ်ရှင်အမျိုးသမီးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် နှင့်သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်တွင် မယ်ခေါင်ရပ်ကွက်ရှိ ဘောက်နန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူအလေးချိန် (၅)ဂရမ်ခန့်စီပါသည့် အတောင့်ငယ် (၈၈)တောင့် အလေးချိန် (၄၄၀)ဂရမ်ခန့်နှင့်၊ မူးယစ်ဆေးဝါးထည့်သည့် ရာဘာအစွတ်ငယ် (၅၀၀)ခုတို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရသည့် အသက်(၆၁)အရွယ် ဘောက်နန်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၉(က)/၂၁ အရအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net