တာခ်ီလိတ္ခရိုင္အတြင္း နယ္စပ္ျဖတ္သန္းခြင့္ တစ္ႏွစ္စာအုပ္ထုတ္ေပးမႈ (၅) လတာကာလအတြင္း (၃၇၀၀) နီးပါးရိွ

တာခ်ီလိတ္ခရိုင္အတြင္း နယ္စပ္ျဖတ္သန္းခြင့္ တစ္ႏွစ္စာအုပ္ထုတ္ေပးမႈ (၅) လတာကာလအတြင္း (၃၇၀၀) နီးပါးရိွ
ဇွန် 21, 2019
By 🌸
ျမန္မာ - ထုိင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း ေနထိုင္ေၾကာင္းအေလာက္အထားရိွသူတိုင္းကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလမွစတင္ၿပီး (၁) ႏွစ္စာ နယ္စပ္ျဖတ္သန္းခြင့္စာအုပ္မ်ား ထုတ္ေပးခဲ့ရာ (၅) လတာကာလအတြင္း စာအုပ္ေပါင္း (၃၇၀၀) နီးပါးျပဳလုပ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

"မႏွစ္ကဆို ဒီေလာက္မရိွဘူးဗ်။ တာခ်ီလိတ္တစ္ၿမိဳ႕တည္းဆိုေတာ့။ (၆) လခ်ဳပ္အရ (၂၅၀၀) ေလာက္ပဲရိွတယ္။ မိုင္းျဖတ္၊ မိုင္းေယာင္းကလည္း (၂) လပိုင္း (၃) လပိုင္း စဖြင့္ေပးေပးျခင္းမွာပဲမ်ားတာ။ တစ္ခါမွ လုပ္မေပးေတာ့ ၿပံဳလာၾကတာေပါ့။ ဒီဘက္က်ေတာ့ တစ္ေန႔မွ (၂) ေယာက္၊ (၃) ေယာက္ေလာက္ပဲလာေတာ့တာ။ တကယ္သြားမယ့္သူေတြက လုပ္ၿပီးၾကၿပီေပါ့။ စာအုပ္ကလည္း (၁) ခါလုပ္ၿပီးရင္ (၁) ႏွစ္ထိခံေတာ့ ဆက္လုပ္စရာမလိုေတာ့ဘူးေလ"ဟု လူ၀င္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႕အင္အားဦးစီးဌာနမွ တာ၀န္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံဘက္သို႔ နယ္စပ္ျဖတ္သန္းခြင့္အတြက္ ယခင္က တာခ်ီလိတ္ၿမိဳ႕တြင္ေနထိုင္သူမ်ားကို နယ္စပ္ျဖတ္သန္းးခြင့္လက္မွတ္ တစ္ႏွစ္စာအုပ္ကို ထုတ္ေပးေနရာမွ ၂၀၁၉ ခုႏွစ္၊ ေဖေဖဓဝါရီလ (၁၅)ရက္ေန႔မွစၿပီး တာခ်ီလိတ္ခရိုင္အတြင္း ေနထိုင္သူမ်ားကိုပါ တစ္ႏွစ္စာအုပ္ျပဳလုပ္ေပးလာျခင္းျဖစ္သည္။

တာခ်ီလိတ္မွ မယ္ဆိုင္သို႔ သြားရန္အတြက္ နယ္စပ္ျဖတ္သန္းလက္မွတ္မ်ားအျဖစ္ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ ( Border Pass ) ႏွင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(Temporary Border Pass)တို႔ရွိရာတြင္ TBP သည္ တစ္ခါသံုးျဖစ္ၿပီး BP အမ်ဳိးအစားမွာ တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕(၆)ၿမိဳ႕တြင္ အိမ္ေထာင္စု စာရင္းျဖင့္ ေနထိုင္သူမ်ားအတြက္ျဖစ္ရာ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(BP)၏ သက္တမ္းမွာ (၁)ႏွစ္ျပည့္မွ တခါျပန္လည္ လဲရျခင္းျဖစ္ၿပီး အဆိုပါ လက္မွတ္မ်ားျဖင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕အတြင္းသာ သြားေရာက္ႏိုင္ခြင့္ရွိျခင္းျဖစ္သည္။

နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ ( Border Pass ) ျပဳလုပ္လိုသူမ်ားအေနျဖင့္ တာခ်ီလိတ္ခရိုင္အတြင္း ၿမိဳ႕(၆)ၿမိဳ႕၏ သက္ဆိုင္ရာ အိမ္ေထာင္စုစာရင္း (မူရင္း/မိတၱဴ)၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား  (မူရင္း/မိတၱဴ) ႏွင့္ ပတ္စပိုစ့္ဓါတ္ပံု (၂)ပံု လိုအပ္ၿပီး လူကိုယ္တုိင္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအနီးရွိ ခရိုင္လ၀ကရံုးတြင္လာေရာက္ ျပဳလုပ္ရမည္ျဖစ္ၿပီး အဆိုပါ လက္မွတ္စာအုပ္ ျပဳလုပ္ခ်ိန္မွာ တစ္ရက္ၾကာျမႇင့္မည္ ျဖစ္ေၾကာင္း ႏွင့္ တစ္ႏွစ္စာ လက္မွတ္စာအုပ္၏ တန္ဖိုးမွာ တရား၀င္ က်ပ္(၅၀၀)သတ္မွတ္ထားေၾကာင္း ႏွင့္ နယ္စပ္ျဖတ္သန္းခအတြက္ ျမန္မာဘက္တြင္ က်ပ္(၃၀၀)သာ က်င့္သင့္မည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္လ၀ကမွ သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဖြတ်သန်းခွင့် တစ်နှစ်စာအုပ်ထုတ်ပေးမှု (၅) လတာကာလအတွင်း (၃၇၀၀) နီးပါးရှိ
***********
မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း နေထိုင်ကြောင်းအလောက်အထားရှိသူတိုင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး (၁) နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်များ ထုတ်ပေးခဲ့ရာ (၅) လတာကာလအတွင်း စာအုပ်ပေါင်း (၃၇၀၀) နီးပါးပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

"မနှစ်ကဆို ဒီလောက်မရှိဘူးဗျ။ တာချီလိတ်တစ်မြို့တည်းဆိုတော့။ (၆) လချုပ်အရ (၂၅၀၀) လောက်ပဲရှိတယ်။ မိုင်းဖြတ်၊ မိုင်းယောင်းကလည်း (၂) လပိုင်း (၃) လပိုင်း စဖွင့်ပေးပေးခြင်းမှာပဲများတာ။ တစ်ခါမှ လုပ်မပေးတော့ ပြုံလာကြတာပေါ့။ ဒီဘက်ကျတော့ တစ်နေ့မှ (၂) ယောက်၊ (၃) ယောက်လောက်ပဲလာတော့တာ။ တကယ်သွားမယ့်သူတွေက လုပ်ပြီးကြပြီပေါ့။ စာအုပ်ကလည်း (၁) ခါလုပ်ပြီးရင် (၁) နှစ်ထိခံတော့ ဆက်လုပ်စရာမလိုတော့ဘူးလေ"ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်သန်းခွင့်အတွက် ယခင်က တာချီလိတ်မြို့တွင်နေထိုင်သူများကို နယ်စပ်ဖြတ်သန်းးခွင့်လက်မှတ် တစ်နှစ်စာအုပ်ကို ထုတ်ပေးနေရာမှ ၂၀၁၉ ခုနှစ်၊ ဖေဖေဓဝါရီလ (၁၅)ရက်နေ့မှစပြီး တာချီလိတ်ခရိုင်အတွင်း နေထိုင်သူများကိုပါ တစ်နှစ်စာအုပ်ပြုလုပ်ပေးလာခြင်းဖြစ်သည်။

တာချီလိတ်မှ မယ်ဆိုင်သို့ သွားရန်အတွက် နယ်စပ်ဖြတ်သန်းလက်မှတ်များအဖြစ် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass)တို့ရှိရာတွင် TBP သည် တစ်ခါသုံးဖြစ်ပြီး BP အမျိုးအစားမှာ တာချီလိတ်ခရိုင်အတွင်းရှိ မြို့(၆)မြို့တွင် အိမ်ထောင်စု စာရင်းဖြင့် နေထိုင်သူများအတွက်ဖြစ်ရာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)၏ သက်တမ်းမှာ (၁)နှစ်ပြည့်မှ တခါပြန်လည် လဲရခြင်းဖြစ်ပြီး အဆိုပါ လက်မှတ်များဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းသာ သွားရောက်နိုင်ခွင့်ရှိခြင်းဖြစ်သည်။

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) ပြုလုပ်လိုသူများအနေဖြင့် တာချီလိတ်ခရိုင်အတွင်း မြို့(၆)မြို့၏ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်း (မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား  (မူရင်း/မိတ္တူ) နှင့် ပတ်စပိုစ့်ဓါတ်ပုံ (၂)ပုံ လိုအပ်ပြီး လူကိုယ်တိုင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ ခရိုင်လဝကရုံးတွင်လာရောက် ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ လက်မှတ်စာအုပ် ပြုလုပ်ချိန်မှာ တစ်ရက်ကြာမြှင့်မည် ဖြစ်ကြောင်း နှင့် တစ်နှစ်စာ လက်မှတ်စာအုပ်၏ တန်ဖိုးမှာ တရားဝင် ကျပ်(၅၀၀)သတ်မှတ်ထားကြောင်း နှင့် နယ်စပ်ဖြတ်သန်းခအတွက် မြန်မာဘက်တွင် ကျပ်(၃၀၀)သာ ကျင့်သင့်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်လဝကမှ သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net