တာချီလိတ်၏ စောင့်ကြည့်လူနာတစ်ဦးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်၏ စောင့်ကြည့်လူနာတစ်ဦးတွင် Covid-19 ပိုးမတွေ့
စက်တင်ဘာ 20, 2020
By Tachileik News Agency
တာချီလိတ်၏ စောင့်ကြည့်လူနာတစ်ဦးတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 သံသယလက္ခဏာများတွေ့ရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ ညပိုင်း၌ ဓာတ်ခွဲအဖြေရရှိထားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံး၌ လက်ရှိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၃)ဦးရှိနေသည်။
“ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးမှာ ဒီနေ့ တာချီလိတ်က ဓာတ်ခွဲအဖြေ (၁)ခုတော့ရှိတယ်။ အဲဒါကလည်း Negative ဖြစ်တယ်။ ကျိုင်းတုံအပါအဝင် ရှမ်း(ရှေ့)မြို့နယ်တစ်ချို့ကနေယူထားတဲ့ ဓာတ်ခွဲနမူနာ (၃၉)ခုက ဒီနေ့မှ ရန်ကုန်ရောက်တယ်။ ဒီနေ့ ဓာတ်ခွဲအဖြေထွက်စရာတော့ မရှိတော့ဘူး”ဟု COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့မှ ဓာတ်ခွဲစစ်ဆေးထားသူမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင်တစ်ဦးမှာ ချောင်းဆိုးပြီး အောက်ဆီဂျင်နည်းနည်း နည်းနေတာတွေ့လို့ သံသယလူနာအဖြစ် သတ်မှတ်ပြီး စစ်ကြည့်တော့ Negative ထွက်တာပေါ့နော်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာ (၂၇၈)ဦးတိုးလာ၍  စုစုပေါင်း အတည်ပြုလူနာ (၅၅၄၁)ဦးအထိ တိုးလာကာ သေဆုံးသူ ဦးရေမှာ (၉၂) ဦးအထိ တိုးလာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~