စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်နေကြသည့် တာချီလိတ်ရှိ နမ့်ယွန်းချောင်း တစ်လျှောက် စည်ပင်က ရှင်းလင်း

စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်နေကြသည့် တာချီလိတ်ရှိ နမ့်ယွန်းချောင်း တစ်လျှောက် စည်ပင်က ရှင်းလင်း
မတ် 10, 2020
By Tachileik News Agency
စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်နေကြသည့် တာချီလိတ်ရှိ နမ့်ယွန်းချောင်း တစ်လျှောက် စည်ပင်က ရှင်းလင်း 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးတွင်းအခါ၌ ရေကြီးရေလျှံ ဖြစ်ပေါ်တတ်လေ့ရှိပြီးဘေးပတ်ဝန်းကျင်များမှ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ကြသည့်  နမ့်ယွန်းချောင်းအတွင်း  ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းတစ်လျှောက် ခြုံနွယ်များနှင့် အမှိုက်များရှင်းလင်းဖယ်ရှားမှုများကို ၂၀၂၀ ခုနှစ် မတ်လ၏ ပထမပတ်ကစ၍ စည်ပင် စတင်လုပ်ဆောင်နေကြောင်း သိရသည်။

ကိုးမြို့ရှင် နတ်နန်းကနေ စရှင်းသွားမယ်။ မိုးတွင်းတုန်းက ရှင်းပြီးသား။ အခုက အများဆုံး ပိတ်တဲ့နေရာ၊ ခြုံနွယ်၊ ပိတ်ပေါင်းများတဲ့နေရာတွေကို ရှင်းနေတာ။ (၁၅) ရက်လောက်တော့ ရှင်းရမှာပေါ့။ အခုလုပ်နေတာ (၅) ရက်ရှိပြီ။ ခြုံတွေရှင်း၊ အမှိုက်တွေဖယ်ပြီး နှုန်းတွေပါဖယ်တာပေါ့

ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူး ဦးကျော်မိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နမ့်ယွန်းချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေးလုပ်သား (၉) ဦး၊ အမှိုက်သိမ်းယာဉ် (၁) စီး၊ မြက်ဖြတ်စက်များဖြင့် ချောင်းတစ်လျောက်ရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များနှင့် နှုန်းများဆယ်ယူခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - တာချီလိတ်စည်ပင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~