ထိုင်းက ဖမ်းဆီးပြီး တာချီလိတ်သို့ ပြန်လွှဲပေးလာသည့် မြန်မာနိုင်ငံသားများကို ကူညီပေးနိုင်ရန် ဘတ်ဂျတ်တင်ပြဖို့ အကြံပြု

ထိုင်းက ဖမ်းဆီးပြီး တာချီလိတ်သို့ ပြန်လွှဲပေးလာသည့် မြန်မာနိုင်ငံသားများကို ကူညီပေးနိုင်ရန် ဘတ်ဂျတ်တင်ပြဖို့ အကြံပြု
ဇန်နဝါရီ 10, 2020
By Tachileik News Agency

ထိုင်းက ဖမ်းဆီးပြီး တာချီလိတ်သို့ ပြန်လွှဲပေးလာသည့်  မြန်မာနိုင်ငံသားများကို ကူညီပေးနိုင်ရန် ဘတ်ဂျတ်တင်ပြဖို့ အကြံပြု

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့  မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူပြီးနောက် တာချီလိတ်ကို ပြန်လည်လွှဲပြောင်း ပေးတဲ့ အခါမှာ သူတို့အတွက် နေရပ်ပြန်နိုင်ရေး အစိုးရအနေနဲ့ ပြန်လည်ကူညီပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဘတ်ဂျတ်တင်ပြတောင်းခံရန် လိုအပ်ကြောင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တိုက်တွန်းလိုက်ပါတယ်။

ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့အတွက် လူအခွင့်အရေးအရ ရပိုင်ခွင့်တွေရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ပြန်လည်လွှဲပြောင်းပေးနေပြီး လူဦီးရေဟာ တစ်နှစ်ကိုပျမ်းမျှ (၂၀၀၀) ကျော်လောက်ရှိနေပါတယ်။

 ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာတဲ့ မြန်မာနိုင်ငံသားများကို နေရပ်ပြန်နိုင်ရေး ထောက်ပံ့ပေးနိုင်ရေးနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ဘတ်ဂျက်တင်ပြတောင်းခံမှုမရှိခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်က တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့က ကျင်းပခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကောင်အထည်ဖော်ဆောင်မယ့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~