တာချီလိတ်တွင် ကျင်းပနေသည့် အာခါတိုင်းရင်းသားရိုးရာပွဲတော်တွင် ရိုးရာအဝတ်အထည်များနှင့်ငွေထည်များ ရောင်းချ

တာချီလိတ်တွင် ကျင်းပနေသည့် အာခါတိုင်းရင်းသားရိုးရာပွဲတော်တွင် ရိုးရာအဝတ်အထည်များနှင့်ငွေထည်များ ရောင်းချ
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
တာချီလိတ်တွင် ကျင်းပနေသည့် အာခါတိုင်းရင်းသားရိုးရာပွဲတော်တွင် ရိုးရာအဝတ်
အထည်များနှင့်ငွေထည်များ ရောင်းချ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် (၁၂)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ (ခါးထောင်းဖား)ပွဲတော်အား ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က စ၍ (၂၀)ရက်နေ့အထိ ကျင်းပနေလျက်ရှိရာ အာခါတိုင်းရင်းသားရိုးရာ အဝတ်အထည်များ နှင့် ငွေထည် အသုံးအဆောင်များ ရောင်းချပေးနေလျက်ရှိသည်။

ပွဲတော်အတွင်း အာခါတိုင်းရင်းသား အဝတ်အထည်များ နှင့် ငွေထည်များအား ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့က လာရောက်ရောင်းချသည့်အပြင် ထိုင်းနိုင်ငံကလည်း လာရောက်ရောင်းချပေးနေကြောင်း သိရသည်။

ပွဲတော်၏ နောက်ဆုံးနေသည့်ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ(၂၀)ရက်နေ့ ညပိုင်းတွင် အာခါတိုင်းရင်းသား အဆိုတော် လီဂါ နှင့် ထက်အောင် နှင့် တရုတ်နိုင်ငံမှ အာခါတိုင်းရင်းသားအဆိုတော်များ အပါအဝင် နာမည်ကြီး အာခါတိုင်းရင်းသား အဆိုတော်များနှင့် လူငယ်များ၏ ရိုးရာအကများ ခေတ်ပေါ်အက များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~