ထိုင်းနိုင်ငံတွင် (၈)လကျော်အကြာ ဆေးဝါးကုသမှု ခံယူနေရသည့်  နဂါးနှစ်ကောင်ဆရာတော် တာချီလိတ်သို့ ပြန်လည်ကြွလာ

ထိုင်းနိုင်ငံတွင် (၈)လကျော်အကြာ ဆေးဝါးကုသမှု ခံယူနေရသည့်  နဂါးနှစ်ကောင်ဆရာတော် တာချီလိတ်သို့ ပြန်လည်ကြွလာ
ဧပြီ 28, 2023 | ရှမ်းရှေ့

ထိုင်းနိုင်ငံတွင် (၈)လကျော်အကြာ ဆေးဝါးကုသမှု ခံယူနေရသည့် တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်သည် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့ နံနက်ပိုင်းက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ တဆင့် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ပြန်လည်ကြွလာပြီဖြစ်သော်လည်း ကျန်းမာရေးအခြေအနေကို အမြဲစောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။

သက်တော်(၉၅)နှစ် ဝါတော်(၇၅)ဝါရှိပြီဖြစ်သည့် တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ဦးစီး ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊  အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၂ခုနှစ် ဩဂုတ်လ(၉)ရက်နေ့က စပြီး ထိုင်းနိုင်ငံသို့ ကြွရောက်ကာ ဆေးကုသမှု ခံယူပြီးနောက် ယနေ့ ပြန်လည်ကြွရောက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် နဂါးနှစ်ကောင်ဆရာတော်အား ကျောင်းတိုက်အတွင်း၌ သီးသန့်အဆောင်ခန်းတွင် ထားရှိကာ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

နဂါးနှစ်ကောင်ဆရာတော်သည် ပြီးခဲ့သည့်  ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တုန်းကလည်း   အဆုတ်ထဲ ရေပြန်ဝင်သည့်အတွက် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ  ပရချာနုခေါ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသေးပြီး ယခုအခါတွင် လပေါင်းများစွာ ဆေးကုသမှု ခံယူခဲ့ရသည်။