တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် Thermal Scanner စက် တပ်ဆင်အသုံးပြုမှုကို မယ်ဆိုင်ကျန်းမာရေးဌာန လာရောက်လေ့လာ

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် Thermal Scanner စက် တပ်ဆင်အသုံးပြုမှုကို မယ်ဆိုင်ကျန်းမာရေးဌာန လာရောက်လေ့လာ
ဇန်နဝါရီ 28, 2020
By Tachileik News Agency
တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် Thermal Scanner စက် တပ်ဆင်အသုံးပြုမှုကို မယ်ဆိုင်ကျန်းမာရေးဌာန လာရောက်လေ့လာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် မြန်မာဘက်သို့ ဝင်ရောက်လာသူများအား ကိုယ်အပူချိန် အလိုလျောက် တိုင်းတာစက် (Thermal Scanner)ဖြင့် စစ်ဆေးနေမှုကို ထိုင်းနိုင်ငံ မယ်ဆိုင်ကျန်းမာရေးဌာနက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် လာရောက်လေ့လာသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ကျန်မာရေးဌာနမှ ကျန်းမာရေးမှူး Mrs.Priawpurn Manopeaw ( Shif of Maisai Quarantine Office)ဦးဆောင်သည့် အဖွဲ့က နေ့လယ် (၁၁)နာရီ မိနစ် (၅၀)အချိန်တွင် မြန်မာဘက်၌ တပ်ဆင်အသုံးပြုနေသည့် Infrared Fever Screening System (IFSS)  အပူချိန်တိုင်းကိရိယာအား လာရောက်လေ့လာကြည့်ရှုရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်ဦးဆောင်သည့်အဖွဲ့က ရှင်းလင်းပြသသည်။

ဝူဟန်အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် မြန်မာဘက်သို့ ဝင်လာသူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရန် Thermal Scanner စက်ကို  မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးနှင့် ဗီဇာစစ်ဆေးအခန်းရှိ ကျန်းမာရေး စစ်ဆေးသည့်နေရာတွင် ဇန်နဝါရီလ (၂၇)ရက်နေ့၌ စတင်တပ်ဆင်အသုံးပြုနေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~