တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် တာချီလိတ်ခရိုင် NLD အတွင်းရေးမှူးကို (၃)ရက်မြောက်နေ့တွင် နေအိမ်သို့ ပြန်ပို့

တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် တာချီလိတ်ခရိုင် NLD အတွင်းရေးမှူးကို (၃)ရက်မြောက်နေ့တွင် နေအိမ်သို့ ပြန်ပို့
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် NLD ၏ အတွင်းရေးမှူး ဦးရဲနီထွန်းကို တပ်မှ ဖမ်းဆီးထိန်းသိမ်းသည့် (၃)ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ (၃) ရက်နေ့ ညနေ (၄) နာရီခန့်တွင် တပ်နယ်မှ တာဝန်ရှိသူများက ၎င်းနေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်အစောပိုင်းတွင် တပ်မတော်မှ အာဏာသိမ်းလိုက်ရာတွင် နိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းသည့် နည်းတူ တာချီလိတ်မြို့နယ်အတွင်းမှ NLD ရွေးကောက်ခံ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အပါအဝင် ခရိုင် NLD ဥက္ကဌ နှင့် အတွင်းရေးမှူးတို့ကို တပ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး (၁) ရက်နေ့ ညနေပိုင်းတွင် လွှတ်တော်အမတ်အချို့ကို ပြန်လည် လွှတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့ကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ခရိုင်အတွင်းရေးမှူး ဦးရဲနီထွန်းကို (၃)ရက်နေ့မှ ပြန်လည်မှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency