တာချီလိတ်မြို့တွင် ပေါက်ပွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် ပေါက်ပွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

 

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်သည့် ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သိရသည်။  

ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၇)ရက်နေ့ ညနေ(၅)နာရီခွဲကျော်အချိန်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း အာခါဈေးလမ်းတည့်တည့် ရှမ်းရှေ့တန်ဆောင်ကျောင်းရှေ့ ခြံဝန်းအတွင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

"ပေါက်ကွဲသံက အတော်လေးကို ကျယ်တာ။ အိမ်အထိကြားရတယ်။ ဘာကြောင့် ပေါက်ကွဲတာလဲတော့မသိဘူး"ဟု ပါလျံ (၃)တွင် နေထိုင်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

မည်သည့်အကြောင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားသည်ကို မသိရသေးသော်လည်း ပေါက်ကွဲမှုကြောင့် အမည်မသိ အမျိုးသားတစ်ဦးမှာ နားထင်မှ သွေးများထွက်ပြီး  ပြင်းထန်သည့် ဒဏ်ရာရရှိကာ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။