တာချီလိတ်သို့ လေကြောင်းဖြင့်ဝင်ရောက်လာသည့် ဖိလစ်ပိုင် (၁)ဦးအပါအဝင် ခရီးသည် (၂၁)ဦးကို quarantine ထားရှိ

တာချီလိတ်သို့ လေကြောင်းဖြင့်ဝင်ရောက်လာသည့် ဖိလစ်ပိုင် (၁)ဦးအပါအဝင် ခရီးသည် (၂၁)ဦးကို quarantine ထားရှိ
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ်သို့ လေကြောင်းဖြင့်ဝင်ရောက်လာသည့် ဖိလစ်ပိုင် (၁)ဦးအပါအဝင် ခရီးသည် (၂၁)ဦးကို quarantine ထားရှိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသူ (၁) ဦးအပါအဝင် ခရီးသည် (၂၁) ဦးကို hotel quarantine နှင့် facility quarantine များသို့ ပို့ထားသည်။
တာချီလိတ်သို့ လေကြောင်းဖြင့်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသူအပါအဝင် ခရီးသည် (၁၇) ဦးကို ဟိုတယ်ဖလမ်း၊ 29 Hotel၊ ရွှေဘူးသီးဟိုတယ်၊ ပလက်တီနမ်စတားဟိုတယ်၊ ရွှေရေကန်ဟိုတယ်နှင့် ဟိုတယ်တာချီလိတ်တို့သို့ ပို့ဆောင်ထားပြီး ကျန် (၄) ဦးကို Ficility Quarantine သို့ ပို့ဆောင်ထားကြောင်း သိရသည်။
လေဆိပ်မှ quarantine ဝင်မည့်နေရာများသို့  သတ်မှတ်ပေးထားသည့် မော်တော်ယာဉ်များဖြင့်သာ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ကျပ် (၁၅၀၀) ကျသင့်ကြောင်း သိရသည်။
Quarantine ဝင်နေသူများမှာ (၇) ရက်မြောက်နေ့၌ RDT test kit ဖြင့် COVID 19 စစ်ဆေးပြီး Negative အဖြေရမှ quarantine ထွက်ရမည်ဖြစ်သည်။
ရန်ကုန်မှ ပျံသန်းလာသည့် Air KBZ လေကြောင်းလိုင်းဖြင့် တာချီလိတ်မှ တရုတ်နိုင်ငံသား (၂) ဦး၊ တရုတ်နိုင်ငံသူ (၁) ဦး၊ ပြည်တွင်းခရီးသည် (၉)ဦးတို့ ပြန်လည်လိုက်ပါသွားသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~