နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် စပါးတင်ပို့ခွင့်ကို ပထမဆုံးအကြိမ် စတင်ခွင့်ပြု

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် စပါးတင်ပို့ခွင့်ကို ပထမဆုံးအကြိမ် စတင်ခွင့်ပြု
ဇန်နဝါရီ 10, 2020
By Tachileik News Agency

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် စပါးတင်ပို့ခွင့်ကို ပထမဆုံးအကြိမ် စတင်ခွင့်ပြု

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် စပါး တရားဝင်တင်ပို့ခွင့်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ကြောင်း သိရသည်။

"သာမန်အားဖြင့် ဆိုရင်တော့ စပါးက နှစ်အဆက်ဆက် ပြည်ပတင်ပို့ခွင့်မပြုခဲ့တဲ့ ပစ္စည်းဖြစ်ပါတယ်။ လက်ရှိဈေးကွက်တွေ ပြောင်းလဲလာတဲ့ အခြေအနေမှာတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအားလုံးကို စပါးတင်ပို့ခွင့်ကို ညွှန်ကြားချက်အရ တစ်လ ခွင့်ပြုခဲ့တယ်"

ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့တွင်ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၉/၂၀၁၉) ဆုံးဖြတ်ချက်အရ ဇန်နဝါရီလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးကို  ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 တရုတ်နိုင်ငံမှ စပါးတန်ချိန် (၂) သိန်းဝယ်ယူမည်ဖြစ်ရာ ကုန်သည်များအနေဖြင့် စပါးတင်ပို့ခွင့်လိုင်စင် တစ်စောင်လျှင် တန်ချိန် (၂၀၀၀) နှုန်းဖြင့် လျှောက်ထားတင်ပို့နိုင်ပြီး ခွင့်ပြုတန်ချိန်ကို တင်ပို့မှုပြီးစီးပါက လိုင်စင်အသစ်ထပ်မံလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မှ စပါးတင်ပို့ခွင့်လိုင်စင်များကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့အထိသာ ခွင့်ပြုပေးမည်ဖြစ်ပြီး ထပ်မံသက်တမ်းတိုးခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း   - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~