တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်း၌ Fever Clinic သို့ လာရောက် စစ်ဆေးမှု ခံယူသူ (၃၈)ဦးစလုံး ကိုဗစ် ပိုးမတွေ့

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်း၌ Fever Clinic သို့ လာရောက် စစ်ဆေးမှု ခံယူသူ (၃၈)ဦးစလုံး ကိုဗစ် ပိုးမတွေ့
ဒီဇင်ဘာ 3, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်း၌ Fever Clinic သို့ လာရောက် စစ်ဆေးမှု ခံယူသူ (၃၈)ဦးစလုံး ကိုဗစ် ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းထဲက Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက် (၁၁)နာရီအချိန်အထိ  လာရောက်စစ်ဆေးမှု ခံယူသူ (၃၈)ဦးရှိရာတွင် တစ်ဦးမှ Covid-19 ပိုး မတွေ့ရကြောင်း သိရသည်။
"ဒီနေ့ကတော့ အားလုံး Negative ပဲ၊ ဒီနေ့တော့ ပြီးပြီ၊  အားလုံးပေါင်း (၃၇)ဦး လူနာတစ်ယောက် အပါဆိုရင် (၃၈)ပါ။"ဟု  တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၂)ရက်နေ့က စ၍ ဒီဇင်ဘာလ(၂)ရက်နေ့ ညပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၅၅)ဦးအထိ ရှိနေရာ နိုဝင်ဘာလ(၂၂)ရက်နေ့က တွေ့ရှိရသည့် အခြားဒေသမှ ရောက်လာပြီး လမ်းလုပ်ငန်းဆောင်ရွက်မည့် လမ်းလုပ်သား (၂)ဦးအနက် ပထမတစ်ဦးသည် ဒီဇင်ဘာလ(၂)ရက်နေ့က ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။
တာချီလိတ်မြို့တွင် အခြားဒေသမှ လာရောက်၍ ပိုးတွေ့သူ (၄)ဦးနှင့် တာချီလိတ်မြို့တွင်း ကူးစက်မှုအဖြစ် စုစုပေါင်း (၅၁)ဦးရှိရာ လက်ရှိတွင် (၅၄)ဦး ကုသမှုခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~