မိုင်းလားတွင် ဝူဟန်ဂယက်ကြောင့် ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှု မရှိစေရန် ကုန်ဈေးနှုန်း ထိန်းချုပ်ပေးထား

မိုင်းလားတွင် ဝူဟန်ဂယက်ကြောင့် ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှု မရှိစေရန် ကုန်ဈေးနှုန်း ထိန်းချုပ်ပေးထား
ဇန်နဝါရီ 29, 2020
By Tachileik News Agency

မိုင်းလားတွင် ဝူဟန်ဂယက်ကြောင့်  ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်မှု မရှိစေရန် ကုန်ဈေးနှုန်း ထိန်းချုပ်ပေးထား 

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် အထူးဒေသ (၄) မိုင်းလားတွင် ဝူဟန်အဆုတ်ရောင်ရောဂါဂယက်ကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရန် မိုင်းလားဒေသတွင်းမှ သက်ဆိုင်ရာဌာနများက ကုန်ဈေးနှုန်း ထိန်းချုပ်ပေးထားပြီး ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက ဆက်သွယ်တိုင်ကြားရန် ထုတ်ပြန်ထားသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကြောင့် တရုတ်နိုင်ငံနှင့် နယ်စပ်စစ်ဆေးရေးဂိတ်တွင် အဝင်အထွက်များကို တင်းကျပ်စွာ စစ်ဆေးနေရာ ပုံမှန်ထက် ကုန်စည်အဝင်နှောင့်နှေးခြင်းများ ဖြစ်လာ၍ စိုးရိမ်စိတ်ဖြင့် ကုန်ပစ္စည်းများ အလုအယက် ဝယ်ယူသိုလှောင်ခြင်းများ မပြုလုပ်ကြရန်ကိုလည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့ရက်စွဲဖြင့် အသိပေးနှိုးဆော်ထားသည်။

မိုင်းလားဒေသ၊ နမ့်ပန်းဒေသနှင့် ဆီလူးဒေသများတွင် ကုန်ပစ္စည်း ဈေးနှုန်းမြှင့်တင်ရောင်းချသည့် ကုန်သည်များရှိပါက သက်ဆိုင်ရာ ဌာနများသို့ ဆက်သွယ်အကြောင်းကြားရမည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~