မိုင်းယန်းမြို့နယ် ဆီလူးဒေသအတွင်း အတည်ပြုလူနာ (၃)ဦး တွေ့ရှိမှု နှင့် ဆက်စပ်၍ အထူးဒေသ(၄) သတင်းထုတ်ပြန်

မိုင်းယန်းမြို့နယ် ဆီလူးဒေသအတွင်း အတည်ပြုလူနာ (၃)ဦး တွေ့ရှိမှု နှင့် ဆက်စပ်၍ အထူးဒေသ(၄) သတင်းထုတ်ပြန်
စက်တင်ဘာ 5, 2020
By Tachileik News Agency
မိုင်းယန်းမြို့နယ် ဆီလူးဒေသအတွင်း အတည်ပြုလူနာ (၃)ဦး တွေ့ရှိမှု နှင့် ဆက်စပ်၍ အထူးဒေသ(၄) သတင်းထုတ်ပြန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) ဆီလူးဒေသနှင့် မိုင်းယန်းမြို့နယ်ကြား စိုက်ခင်းမှ ရွှေ့ပြောင်းလုပ်သား (၃)ဦးတွင် COVID 19 ပိုးတွေ့ရသော်လည်း အထူးဒေသ (၄)တွင် နိုင်ငံတော်အစိုးရ၏ ဆေးဝါးကုသရေးအဖွဲ့၊ တရုတ်နိုင်ငံမှ ဆေးဝါးကုသရေးအဖွဲ့များ အကူအညီဖြင့် COVID 19 ကို ထိရောက်စွာ ကာကွယ်နိုင်ထားဆဲဖြစ်ကြောင်း မိုင်းလားအထူးဒေသ (၄)က မြန်မာ၊ ရှမ်းနှင့် တရုတ်ဘာသာတို့ဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၌ သတင်းထုတ်ပြန်သည်။
ဆီလူးဒေသနှင့် မိုင်းယန်းမြို့နယ်ကြားရှိ စိုက်ခင်းတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးဦးစီးဌာနက ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးရာမှ (၃)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် စက်တင်ဘာလ (၅)ရက်နေ့၌ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ခေါ်ယူကုသပေးနေပြီး ဒေသတွင်း COVID 19 အခြေအနေများကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မည်ဖြစ်၍ ကောလဟာလများ မယုံကြည်ကြရန် သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အထူးဒေသ (၄)တွင် နိုင်ငံတော်အစိုးရက စေလွှတ်သည့် ကျန်းမာရေးအဖွဲ့အပြင် တရုတ်နိုင်ငံ မိုင်းဟိုင်းခရိုင်နှင့် ကျိုင်းဟုန်မြို့ ပြင်ပဆက်ဆံရေးကော်မတီမှ ဆေးဝါးကုသရေးအဖွဲ့များကလည်း ဖေဖေါ်ဝါရီလမှစတင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~