မိုင်းခုတ်မြို့တွင် ပထမဆုံးအဖြစ် Covid-19 ရောဂါပိုးရှိသူ တွေ့ရှိ

မိုင်းခုတ်မြို့တွင် ပထမဆုံးအဖြစ် Covid-19 ရောဂါပိုးရှိသူ တွေ့ရှိ
ဇန်နဝါရီ 30, 2021 | Covid-19| ရှမ်းရှေ့
By သန်းဇော်ဦး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၏ ပထမဆုံး Covid-19 ရောဂါလူနာအဖြစ် နောင်တုံ (အမက)ကျောင်းတွင် Site Quarantine ထားရှိသူ အမျိုးသားတစ်ဦးထံမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့က စစ်ဆေးတွေ့ရကြောင်း သိရသည်။



မိုင်းခုတ်မြို့ရှိ နောင်တုံဘုန်းကြီးကျောင်းဆောက်လုပ်ရန် မကွေးတိုင်းဒေသကြီး၊ နက်မောက်မြို့မှ ရောက်ရှိလာသည့် အမျိုးသား (၆) ဦးတို့အား နောင်တုံ(အမက)ကျောင်းတွင် Site Quarantine ထားရှိပြီး ဇန်နဝါရီလ (၁၈) ရက်နေ့က RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ Covid-19 ရောဂါပိုး မတွေ့ရဘဲ ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများအားရယူ၍ PCR ဖြင့် စစ်ဆေးရာမှ အသက်(၃၅)အရွယ်ရှိ အမျိုးသားတစ်ဦးတွင်Covid-19 ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။



 အဆိုပါ Covid-19 ရောဂါပိုးတွေ့လူနာအား မိုင်းခုတ်မြို့ ဆေးရုံသီးသန့်လူနာဆောင် Isolation Wardတွင် ထားရှိဆေးကုသပေးသွားမည်ဖြစ်ပြီး ကျန်(၅)ဦးအား နောင်တုံ(အမက)ကျောင်းတွင် Site Quarantine ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency

သတင်း - သန်းဇော်(မိုင်းဆတ်)