၂၀၂၀ နှစ်သစ်ကူးအလှူအဖြစ် တာချီလိတ် - မယ်ဆိုင် စုပေါင်း ဆွမ်းဆန်စိမ်း ချစ်ကြည်ရေးတံတား(၁)တွင် လောင်းလှူ

၂၀၂၀ နှစ်သစ်ကူးအလှူအဖြစ် တာချီလိတ် - မယ်ဆိုင် စုပေါင်း ဆွမ်းဆန်စိမ်း ချစ်ကြည်ရေးတံတား(၁)တွင် လောင်းလှူ
ဇန်နဝါရီ 1, 2020
By Tachileik News Agency

၂၀၂၀   နှစ်သစ်ကူးအလှူအဖြစ် တာချီလိတ် - မယ်ဆိုင် စုပေါင်း ဆွမ်းဆန်စိမ်း
ချစ်ကြည်ရေးတံတား(၁)တွင် လောင်းလှူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း နှစ်နိုင်ငံ နှစ်သစ်ကူးဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၈)နာရီက မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ကျင်းပသည်။

မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့မှ သံဃာတော် အပါး (၃၅၀)က မယ်ဆိုင်မြို့၊ လွိုင်ဘောင်းမှတစ်ဆင့် စတင်ကြွချီပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ဖြတ်သန်းကာ တာချီလိတ်မြို့ အဝိုင်းပတ်မှ တစ်ဆင့် မယ်ဆိုင်မြို့ဘက်သို့ ပြန်လည်ကြွရောက်ကြရာ နှစ်နိုင်ငံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နှစ်နိုင်ငံ ပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

နှစ်သစ်ကူးဆွမ်းဆန်စိမ်းလောင်းလှူချိန်တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား၌ လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -  ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~