တာချီလိတ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးကောက်ပွဲဝင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်

တာချီလိတ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးကောက်ပွဲဝင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်
ဇူလိုင် 23, 2020
By Tachileik News Agency

တာချီလိတ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးကောက်ပွဲဝင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးသစ်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ပြန်လည်ရွေးချယ်ကြသည်။

လက်ရှိ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးထွန်းထွန်းဝင်းမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ လစ်လပ်သွားမည့် အုပ်ချုပ်ရေးမှူးရာထူးအတွက် ၂၀၁၅ ခုနှစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်စဉ်က ဒုတိယမဲအများဆုံးရရှိသည့် ဦးစိုင်းလုံရွက်ကို သူ၏ သဘောဆန္ဒအလျောက် လုပ်ကိုင်နိုင်ရန် ဇူလိုင်လ (၂၃)ရက်နေ့  ည (၇) နာရီအချိန်တွင် ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံ၌ အစည်းအဝေးကျင်းပ သဘောထားခံယူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ဦးစိုင်းလုံရွက်ကို ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လက်ကျန်သက်တမ်းတွင်တာဝန်ထမ်းဆောင်ရန် တက်ရောက်လာသည့် ရပ်မိရပ်ဖ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ရပ်ကွက်နေပြည်သူ (၄၅) ဦးက ကန့်ကွက်ခြင်းမရှိ၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးထံတင်ပြပြီးပါက တာဝန်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~