တာချီလိတ်တွင် လေယာဉ်စီးရန်စစ်ဆေးသူ (၁) ဦး၌ Covid-19 ပိုးတွေ့ပြီး ကျန်မိသားစုဝင် (၄)ဦးတွင် ပိုးမတွေ့ 

တာချီလိတ်တွင် လေယာဉ်စီးရန်စစ်ဆေးသူ (၁) ဦး၌ Covid-19 ပိုးတွေ့ပြီး ကျန်မိသားစုဝင် (၄)ဦးတွင် ပိုးမတွေ့ 
ဇန်နဝါရီ 4, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့်သွားရန် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၌ COVID 19 လာရောက်စစ်ဆေးသည့် အမျိုးသမီး (၁)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် မိသားစုဝင်များနှင့် အခြားထိတွေ့သူများအား ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ အသက် (၃၀)အရွယ် အမျိုးသမီးသည် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)မှဖြစ်ပြီး လက်ရှိတွင် အတူနေမိသားစုဝင်များ၊ အခြားထိတွေ့သူများအပြင် အဆိုပါအမျိုးသမီး သွားခဲ့သည့်ဆိုင်များမှ ထိတွေ့မှုရှိသူများကို စစ်ဆေးပေးနိုင်ရန် ကျန်းမာရေးဌာနတာဝန်ရှိသူများက မေးမြန်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒုတိယလှိုင်း၌ ဒေသတွင်းကူးစက်မှုဖြစ်ပွားခဲ့ကာ ၂၀၂၀ ခုနှစ် နှစ်ကုန်သည်အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၆)ဦးရှိခဲ့သည့်အနက် ၂၀၂၀ ခုနှစ်အတွင်းမှာပင် အတည်ပြုလူနာအားလုံး ဆေးရုံဆင်းသွားနိုင်ခဲ့ခြင်းဖြစ်သည်။

COVID 19 ကုသဆောင်၌ ၂၀၂၁ ခုနှစ်၌ ထပ်မံတွေ့ရသည့် အတည်ပြုလူနာ (၁)ဦးကို ထားရှိကုသပေးသွားမည်ဖြစ်သည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။